1. Home
  2. Special or Others

BlueBella ရဲ့ 16-ပေါင်တန်ဝတ်စုံအသစ်

Special or Others ส.ค. 08, 2559 view 1,582

ဗြိတိသျှအမျိုးသမီးအတွင်းခံဝတ်စုံတွေ ထုပ်လုပ်မှုအပိုင်းမှာ အခြားကုမ္မဏီတွေနဲ့ တန်းတူယှဉ်လိုက်နိုင်နေတဲ့ BlueBella က ထူဆန်းပြီး ဈေးသင့်တဲ့ (16)ပေါင်တန် ဖဲကြိုးဝတ်စုံတစ်ခုကို မိတ်ဆက်ပြသခဲ့ပါတယ်။  BlueBella ကုမ္မဏီကို 2005 ခုနှစ်မှာတည်ထောင်ခဲ့တာ ဆိုပေမယ့် ” ယုံကြည်စိတ်ချ ပျိုမေတို့၏အလှတရားဆီသို့ “ဆိုတဲ့ ဆောင်ပုဒ်နဲ့တူ ဖတ်ရှင်လောကမှာ နေရာတစ်ခု ရယူထားနိုင်တဲ့ ကုမ္မဏီဖြစ်ပါတယ်။

 အခု (16)ပေါင်တန် ၀တ်စုံကတော့ ကြိုးပြားသာသာ အရွယ်အစားဖြစ်ပြီး နောက်ကျောမှ ရင်ညွှန့်ဆီကို သိုင်းချကာ ဖဲကြိုးပုံစံထုံးနှောင်ထားတာ ဖြစ်ပါတယ်။ နောက်ကျောကနေ ကြည့်ရင် ပိုပြီးဆိုးဝါးတဲ့ မြင်ကွင်းကို မြင်ရမှာဖြစ်ပြီး ကျောလယ်မှာ Crossing ပုံစံသွားစုံတဲ့ နေရာ တစ်ခုက လွဲရင် ကျန်တဲ့အပိုင်းကတော့ အရှိကိုအရှိတိုင်း ဖော်ပြထားသလိုပါဘဲ။ လက်နှစ်လုံးသာသာ ပိုးအ၀တ်စအပြား လေးကို ပေါင်နှစ်ချောင်းအောက်ကနေ ရှေ့ကို ပြန်ထုတ်သွားတာဖြစ်ပြီး တစ်ခြား ဘာအကွယ်အကွယ်မှ မရှိပါဘူး။ ကြည့်မဲ့သူတွေ ရှိတာကတော့ ဟုတ်ပါပြီ … တကယ် ၀တ်ရဲမယ့်သူတွေကော ရှိပါ့မလားဆိုတာ စဉ်းစားစရာပါဘဲ။

ဒီဝတ်စုံကို ပိုးဖဲအစစ်နဲ့ပြုလုပ်ထားပြီး ၀တ်စုံတစ်စုံရဲ့ ပျမ်းမျှကုန်ကျစာရိတ်ဟာ (16.18) ပေါင် ကုန်ကျတယ်လို့ သိရပါ တယ်။ Size တစ်မျိုးတည်းသာ ရရှိမှာဖြစ်ပြီး အရောင်အနေနဲ့တော့ အဖြူ၊ အနီ၊ အနက် အရောင်တွေကို ရွေးချယ်နိုင်ပါ တယ်တဲ့။

 အနီရောင်ဝတ်စုံကတော့ ရောင်းကုန်သွားပြီလို့ သိရပြီး ဘယ်လောက်အရေအတွက် များများ ရောင်းချမယ်ဆိုတာကိုတော့ တိတိကျကျ ကြေငြာထားခြင်း မရှိပါဘူး။

Credit:shwemom



Follow us on