1. Home
  2. Myanmar News

မြန်မာမြားပစ်အားကစားမယ် စန်းယုထွေး ရီယို အိုလံပစ်မှာ ၁၆ ဦးအဆင့် တက်ရောက်

Myanmar News ส.ค. 10, 2559 view 1,750

မြန်မာမြားပစ်မယ် စန်းယုထွေးဟာ ကြာသပတေးနေ့မှာ ၁၆ဦးအဆင့်ရှုံးထွက်ပွဲစဉ်အဖြစ် လန်ဒန်အိုလံပစ် အမျိုးသမီးမြားပစ်ချန်ပီယံ တောင်ကိုရီးယားသူ ကီဘိုဘေးနဲ့ ရင်ဆိုင်ရမယ်လို့သိရပါတယ်။အခုပြိုင်ပွဲဟာ တောင်ကိုရီးယား သူ ကီဘိုဘေးဟာ သူ့ရဲ့ ရွှေတံဆိပ်ဆု ကိုကာကွယ်ရမယ့်ပြိုင်ပွဲဖြစ်ပါတယ်။ကီဘိုဘေး ဟာလန်ဒန်အိုလံပစ်အမျိုးသမီးတစ်ဦးချင်းမြားပြိုင်ပွဲမှာ ရွှေဆွတ်ခူးထားသူဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁ ရထားတဲ့ ကီဘိုဘေးဟာ ၆၄ ဦးအဆင့် နဲ့ ၃၂ ဦးအဆင့်တို့မှာ ကင်ညာ နဲ့ယူကရိန်းမြားပစ်မယ်တွေကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပထမဆုံးအဆင့် လက်ရည်စစ်ပွဲမှာ အဆင့် ၃ ချိတ်ခဲ့ပြီး မြန်မာမြားပစ်မယ် စန်းယုထွေးကအဆင့် ၅၁ ရခဲ့ပါတယ်။မြန်မာ မြားပစ်မယ် စန်းယုထွေးကလည်း ၁၆ဦးအဆင့်ကို ကျော်ဖြတ်ရောက်ရှိလာ သတင်းကို နိုင်ငံတကာမှာလည်းဖော်ပြခဲ့ကြပါတယ်။မြန်မာ စန်းယုထွေး နဲ့ တောင်ကိုရီးယား ကီဘိုဘေးတို့ရဲ့ ပွဲကို သြဂုတ် ၁၁၊ ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ဝန်းကျင်မှာ ကျင်းပမယ်လို့သိရပါတယ်။

Soure : kumudranews



Follow us on