1. Home
  2. Myanmar News

စမ်းချောင်းမှာ နေ့ခင်းကြောင်တောင် ကားခေါင်းမိုးတွေပေါ်ခုန်တက် အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးတဲ့ မူးယစ်ဆေးသမား

Myanmar News ส.ค. 11, 2559 view 1,618

သြဂုတ်လ ၁၀ရက် (ဗုဒ္ဓဟူး) နံနက် ၈နာရီ ၃၀မိနစ်ခန့်မှာ လူတစ်ဦး ကားတွေရဲ့ခေါင်းမိုးပေါ်တက်ခုန်၊ တစ်စီးမှတစ်စီးသို့ ခုန်ကူးပြီး နောက်ဆုံးမှာ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးကို ဓါးနဲ့ မျက်နှာကို ထိုးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖေ့ဘုတ်စာမျက်နှာမှာ ပျံနှံ့ခဲ့ပါတယ်။

နံနက် ၈နာရီ ၃၀မိနစ် အချိန်ခန့်၊ စမ်းချောင်း ဝါးခယ်မလမ်း အမျိုးသားတစ်ဦး လမ်းလယ်ကောင်တွင် ကားတစ်စင်းကို ပိတ်ရပ်ကာ ကားထဲသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဝင်လို့မရတဲ့အခါ ကားခေါင်မိုးပေါ်သို့ တက်ပြီး လေကာမှန်နှင့် ကားကိုထုရိုက်ခဲ့ပြီးနောက် ရေသုတ်တံ(Wiper) ကိုချိုးကာ မိနစ် ၂၀ခန့်ထိ သောင်းကျန်းခဲ့ပါတယ်အဲသည်နာက် ဘေးနားမှ ဖြတ်သွားသော Taxi တစ်စီးခေါင်မိုးပေါ်သို့ ခုန်တက်သွားပါတယ်။

Taxi က ဝါးခယ်မလမ်းထိပ်ရောက်တဲ့အခါမှာ ရဲနှစ်ဦး ရောက်လာပြီး ဖမ်းချုပ်ဖို့ ကြိုးစားပေမယ့် ရဲလက်ကနေ အတင်းရုန်းထွက်ကာ ဆိုက်ကားစီးလာတဲ့ အမျိုးသမီးတစ်ဦးကို နောက်ကနေသိုင်းဖက်ပြီး ဓါးနဲ့ထိုးပါတော့တယ်။ ပတ်ဝန်းကျင်က လူတွေဝိုင်းဝန်း ရိုက်နှက်ပြီးမှ ရဲလက်ကို အပ်နိုင်ခဲ့တယ်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့သူ မ​အေးသီတာက သူ့ရဲ့ Facebook ကနေ ပြန်လည် ဝေမျှထားပါတယ်။

အဆိုပါအမျိုးသားသည် မူးယစ်ဆေးကြောင်နေသူဖြစ်နိုင်ပြီး စမ်းချောင်း၊ ဝါးခယ်မလမ်းမှ အိမ်တစ်အိမ်သို့ ခေတ္တလာရောက် နေထိုင်နေသူဟု ဖော်ပြထားပါတယ်။

ဓါးနဲ့တိုက်ခိုက်ခံရသူ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မရှိနိုင်ဘူးလို့ ပြည်သူတစ်ဦးက မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှာ တွေ့မြင်ယူဆရပါတယ်။ မူးယစ်ဆေးအန္တရာယ်ဟာ အချိန်တိုင်းမှာ ကြီးမားနေပြီး တာဝန်ရှိဝန်ထမ်းများနှင့် တာဝန်သိပြည်သူတို့ ပူးပေါင်းရှင်းလင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

 

Video credit: Myanmar Now

Ref: Aye Thida (Facebook Acc)



Follow us on