1. Home
  2. Movie Stars - Celebrity

တစ်ကိုယ်တော်တေးစီးရီးအတွက် ကျပ်သိန်း ၅၀၀ အကုန်ကျခံမယ့် ဝါဆိုမိုးဦး

Movie Stars - Celebrity ส.ค. 12, 2559 view 2,148

သရုပ်ဆောင် ဝါဆိုမိုးဦးသည် သူမ၏ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတစ်ကိုယ်တော်စီးရီးနဲ့ ပက်သက်ပြီး ဝါဆိုမိုးဦးမှ - “အခုအချိန်မှာ ဝါဆိုတစ်ကိုယ်တော်စီးရီးအတွက် အဆင်ပြေပါမလားလို့ အရမ်းလည်း စိတ်ပူနေပါတယ်။ Featuring တွေကလည်း ကိုနေတိုး၊ ကိုကျော်ကျော်ဗို၊ ကိုထွန်းထွန်း၊ ကိုအားတီ၊ မစန္ဒီမြင့်လွင်တို့ပါတယ်။ ဝါဆိုက MTV နဲ့ပါတွဲပြီး ထုတ်ချင်တာဆိုတော့ အခက်အခဲတွေလည်း နည်းနည်းတော့ ရှိပါတယ်။ သီချင်းတွေအပ်ထားတာတော့ ကြာပြီဆိုတော့ လက်ထဲကို တော်တော်များများရောက်နေပြီ။ ကိုယ့်စိတ်ကြိုက်အဖြစ်သေးရင် ပြန်သွင်းလိုက်နဲ့ ဖြစ်နေတာ။

"ဝါဆိုက အဆိုတော်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပရိဿတ်က သီချင်းတွေဆိုဖို့ တောင်းဆိုလာတယ်။ Performance အနေနဲ့ ကြည့်ချင်ကြတယ်။ အဲ့ဒီအတွက်ကြောင့် စီးရီးထုတ်ဖို့ အင်အားတွေ ဖြစ်လာတာပါ။ ခွေကိုတော့ ဧပြီလောက်မှာ ထွက်ချင်တယ်။ ဒါပေမယ့်မမီရင်လည်း ဝါဆိုမွေးနေ့ ၇ လပေိုင်းလောက်မှာ အမှတ်တရလေးဖြစ်အောင် ထွက်ချင်တယ်။ ကိုယ်ကမွေးနေ့တိုင်းမှာလည်း အမှတ်တရလေးတွေ လုပ်ဖြစ်တယ်ဆိုတော့လေ။ ဒီ MTV မှာ လူငယ်အကြိုက် သီချင်းလေးတွေ ရွေးထားပါတယ်။ Recording ဝင်တဲ့အချိန်ဆိုရင် စိတ်အရမ်းလှုပ်ရှားတယ်။ ကိုယ့်အသ့၏ံကို သူများကြိုက်ပါမလား၊ သဘောကျပါ့မလားပေါ့နော်။ ဝါဆိုဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်” ဟု People သို့ ပြောသည်။



Follow us on