နာမည် ကြီး Vogue မဂ္ဂဇင်းရဲ့ စက်တင်ဘာလအတွက် မျက်နှာဖုန်းရှင်နေရာကို Kendall Jenner ကို တင်မြှောက်လိုက်ပါတယ်။ ထပ်တန်းအနုပညာရှင်တွေသာ ရရှိတဲ့ နေရာ တခုလဲ ဖြစ်ပါတယ်။

Kendall ရဲ့ မျက်နှာဖုံးအကြောင်းကို Vogue က Youtube မှာ Kardashians အပြင် အခြားထိပ်တန်းမော်ဒယ် များနဲ့ အတူ ဖော်ပြခဲ့ပါတယ်။ Kendall ရဲ့ မျက်နှာဖုံးအတွက် Kardashians ညီမတွေရဲ့ ဂုဏ်ပြုပွဲ အသေးလေး လုပ်ပေးတာကို လဲ တွေ့ရပါတယ်။

အသက် ၂၀ Kendall ဟာ Vogue မျာ ပထမဆုံးအကြိမ် မျက်နှာဖုံးရှင် ဖြစ်ခွင့်ရတာလဲ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် မဂ္ဂဇင်းရဲ့အလိုကျ သူမရဲ့ဆံပင် ရှည်တွေကိုဖြတ် ခဲ့ရပေမယ့် ဒီဇိုင်းသစ်က သူမကို ပိုပြီးဆွဲဆောင်မှုရှိ သွားစေတာတော့အမှန်ပါ။ သူမကတော့ ပီတိဖြာလို့ကို မဆုံးတော့ပါဘူး။

သူမ လေးစားချစ်ခင်ရတဲ့လူတွေနဲ့ တူညီတဲ့နေရာမှာ ခြေချလာနိုင်ခြင်းဟာ သူမရဲ့ဝမ်းသာမျက်ရည်တွေ ဖြစ်ပေါ်လာစေတဲ့အထိပါပဲလို့ လူမှုကွန်ရက်တွေပေါ်မှာ တက်ရေးခဲ့ပါသေးတယ်။

Credit:Duwun
comment