1. Home
  2. Movie Stars - Celebrity

ရေဘေးအလှူတွေပြုလုပ်ခဲ့တဲ့ Miss Myanmar Charity Group

Movie Stars - Celebrity ส.ค. 15, 2559 view 1,610

12.8.2016 နေ့ နှင့် 13.8.2016 ရက်တွေမှာ Miss Myanmar Charity Group မှ ရေဘေးအလှူများကို ပြုလုပ်ခဲ့ပါတယ်။ 12 ရက်နေ့မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ ငှက်ပျောတောကျေးရွာနှင့် ညောင်ပင်ထောင့်ကျေးရွာတို့အား ဆန်၊ ဆေးဝါးများ၊ မုန့်ကြွပ်၊ ဘီစကစ်များ၊ Coffee Mix များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ငါးသေတ္တာ ဗူးများအား တစ်အိမ်ထောင်စု ချင်းစီ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါတယ်။

13.8.2016 နေ့မှာတော့ Miss Myanmar Charity Group ( MMCG ) နှင့် လူရွှင်တော်အသင်း ( ပြည်) တို့ပူးပေါင်းပြီး ရေဘေး သင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ဖျော်ဖြေရေးအစီစဉ်များဖြင့် ပြည် မြို့ထဲ၌ အလှူခံထွက်ကောက်ခံခဲ့ပါသည်။ ကောက်ခံရရှိသော အလှူငွေများမှာ အလှူငွေကျပ် (12) သိန်း ခန့်ဖြစ်ပါသည်။ ကောက်ခံရရှိသော အလှူငွေများကို ယနေ့ 14.8.2016 နေ့တွင် ရေဘေးဒဏ်ကြုံတွေ့နေရသော မကွေးတိုင်း ထုံးဘိုမြို့နယ်ရှိ သူရဲတန်း ကျေးရွာကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ပါတယ်လို့လဲ သိရပါတယ် ။

Credit:Miss Myanmar Charity 



Follow us on