အာရပ်မှာရှိတဲ့ ဒူဘိုင်းဟာ ကမ္ဘာ့အထပ်အမြင့်ဆုံး အဆောက်အဦးတွေနဲ့ အကောင်းဆုံးဒီဇိုင်းတွေ ရှိလို့ နာမည်ကြီးထားပြီးသားဖြစ်ပါတယ်။ အခုလည်း အာရပ်ဒေသရဲ့ သဘာဝကို ဆန့်ကျင်ပြီး လူလုပ်အမြဲစိမ်းတော တစ်ခုပါဝင်မယ့် ဟိုတစ်တစ်လုံးကို တည်ဆောက်ဖို့ စီစဉ်ထားပြီးပြီလို့ သိရပါတယ်။
စတာလင်ပေါင် သန်း ၂၃၀ လောက်အကုန်ကျခံ ဆောက်လုပ်မယ့် အဆိုပါ ဟိုတယ်မှာ အမြဲစိမ်းတော ထည့်သွင်းထားမှာ ဖြစ်တာကြောင့် ဟိုတယ်ထဲမှာ နေရသည့်တိုင် သဘာဝတောတောင်ထဲ ရောက်နေရသလို ခံစာရမှာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး လူလုပ်ကမ်းခြေအတုနဲ့ ရေကူးကန်တွေ၊ ရေကန်ငယ်တွေ ပါဝင်ဦးမှာ ဖြစ်ပါတယ်။
၄၇ ထပ်မြင့်တဲ့ ညီနောင်အဆောက်အဦနှစ်လုံးကို ပူးတွဲဆောက်လုပ်မှာဖြစ်ပြီး ဟိုတယ်မှာ တည်းခိုနိုင်မယ့် အခန်းပေါင်း ၄၅၀ လောက်ရှိမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဟိုတယ်ကို ဆောက်လုပ်ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ အပူချိန်မြင့်မားပြီး မိုးခေါင်တဲ့အရပ်မှာ လူလုပ် အမြဲစိမ်းတော့ တစ်ခုပါဝင်မယ့် ဟိုတယ်က ပြည်ပဧည့်သည်တွေကိုပါ အဓိက ဆွဲဆောင်နိုင်မယ်လို့ ရင်းနှီးမြုပ်နှံသူတွေက ယုံကြည်ထားကြပါတယ်။
Credit:Duwun