1. Home
  2. Special or Others

ကားဂိုဒေါင်တံခါးနဲ့ကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး

Special or Others ส.ค. 17, 2559 view 1,574

ကလေးတစ်ယောက်အမေဖြစ်တဲ့ အသက်(40) အရွယ် ကလေးတစ်ယောက်အမေ Heidi Chalkley Cambridge ဟာ ကားပါကင်တစ်ခုမှာ တပ်ဆင်ထားတဲ့ အလိုအလျှောက်အဖွင့်အပိတ် တံခါးနဲ့ မတော်တဆ ညပ်မိပြီး အပေါ်ပါသွားပြီး သေဆုံးခဲ့ပါတယ်။

အဖော်ပါလာတဲ့ မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောကြားအချက်အရ သူမဟာ တံခါးကို အောက်ကိုပြန်ချဖို့ ခလုတ်ကို နှိပ်ချိန်မှာ လက်မောင်က Shutterထဲကိုညပ်ပြီးပါသွားခဲ့ပါတယ်။နောက်တံခါးကိုမောင်းနှင်နေတဲ့ စက်ရှိတဲ့ဆီကို ရောက်ရှိသွားခဲ့ပြီး နေရာမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ် ။

သူငယ်ချင်းဖြစ်သူရဲ့ စူးစူးဝါးဝါး အော်သံကြောင့် အမျိုးသားတစ်ယောက် ချက်ချင်းရောက်လာခဲ့ပေမယ့် Chalkley ဟာ ခြေထောက်တွဲလောင်းအနေအထားနဲ့ အသက်ကင်းမဲ့သွားပါပြီ။

အဆိုပါ အဆောက်ဦဟာ 2004 ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး အထပ်(27)ထပ် ပါဝင်တယ်ပြီး အဆိုပါ အထပ်မြင့် အဆောက်ဦးမှာ နေထိုင်သူတစ်ဦးကတော့ ” ကျွန်တော် ဒီမှာ နေလာတာ ငါးနှစ်လောက် ရှိပါပြီ … တစ်ခါတလေ တံခါးတွေက ပျက်နေတတ်ပါတယ် … Automatic Key တွေ ထားပေးပေမယ့် … အလုပ်လုပ်တာလဲ ရှိသလို … မလုပ်တာလဲ ရှိပါတယ် …”လို့ ဖွင့်ဟခဲ့ပါတယ်။

အဆိုပါအဆောက်ဦမှာ နေထိုင်သူတွေ တော်တော်များများကို မေးခွန်းတွေ မေးတဲ့အခါ လိုအပ်ချက်နဲ့ မကျေနပ်ချက်များ ရှိနေပြီး အဆောက်ဦကို ပိုင်ဆိုင်တဲ့ ကုမ္မဏီက အရေးတယူ ဖြည့်ဆည်းပေးလေ့ မရှိဘူးလို့လည်း သိရပါတယ်။

Credit:Shwemom



Follow us on