1. Home
  2. Movie Stars - Celebrity

ရေးဘေးသင့်ပြည်သူတွေကို ဒေါ်လာတစ်သန်းလှူမယ့် Taylor Swift

Movie Stars - Celebrity ส.ค. 18, 2559 view 1,526

အသက် 26 နှစ်အရွယ် Taylor ဟာ 1989 album အတွက် နယ်လှည့်ဖျှော်ဖြေရင်း လူစီးယားနားပြည်နယ် ကို ရောက်ရှိဘူးပါတယ်။ သူမရောက်သွားတဲ့ အချိန်မှာနွေးထွေးစွာကြိုဆိုကြတဲ့အတွက် အိမ်ပြန်ရောက်သွားသလိုတောင်ခံစားခဲ့ရပါတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် လူစီးယားနားပြည်သူတွေ အခုလို ရေဘေးကြုံနေရတဲ့အချိန်အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ် ။ကူညီနိုင်တဲ့သူတွေလည်းဝိုင်းဝန်းကူညီကြဖို့ကျွန်မတိုက်တွန်းချင်ပါတယ်လို့ ပြောထားပါတယ်။

နယ်ခံတစ်ဦးကလဲ“ကျွန်တော်ဘာလုပ်ရမှန်းတောင်မသိတော့ပါဘူး။ကျွန်တော်ပိုင်သမျှအားလုံးကုန်သွားပီလေ။”လို့ဝမ်းနည်းစွာပြောခဲ့ပါတယ် ။ အိမ်ဖြူတော်ကလဲ အရေးပေါ်အဖြစ်ကြော်ငြာထားပြီး တစ်အိမ်တက်ဆင်း ကယ်ဆယ်နေကြပါတယ်။

သေဆုံးသူကလဲ 11 ယောက်ကျော်လောက်ရှိပြီး ဆက်လက်မြင့်တက်နေပါတယ် ။ သမိုင်းမှာ အကြီးမားဆုံး ရေကြီးမှု လည်း ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် ပေါင်ဘီလီယံ 90 လောက်ဆုံးရှုံးမှုရှိနေပြီလို့ ခန့်မှန်းထားပါတယ်။

Credit:shwemom



Follow us on