1. Home
  2. Special or Others

ဓာတ်လှေကားထဲမှာ မစင်စွန့်သွားတဲ့ အမျိုးသမီး

Special or Others ส.ค. 18, 2559 view 1,662

ဝတ်ကောင်းစားလှဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ ဓာတ်လှေကားထဲမှာ ခပ်တည်တည် မစင်စွန့်သွားခဲ့တဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အမျိုးသမီးငယ်ဟာ ဒေါက်မြင့်ဖိနပ်၊ စကပ်အရှည်ကို ၀တ်ဆင်ထားပြီး အကောင်းစား စလင်းဘတ်ကို လွယ်ထားပြီး မယုံကြည်နိုင်ဖွယ်ရာ အပြုအမူကို ပြုမူခဲ့ပါတယ်။

လူတွေဟာ များသောအားဖြင့် ဒီလိုကိစ္စရပ်တွေကို အခြေခံလူတန်းစားတွေကသာ ပြုမူတယ်လို့ ယူဆလေ့ရှိကြပြီး ဒါဟာ အလွန်သဘာဝမကျတဲ့ အယူအဆဆိုတာကို ဒီဗွီဒီယိုဖိုင်က သက်သေပြခဲ့ပါတယ်။ လူတန်းစားတစ်ရပ်အပေါ်မှာ သဘာဝမကျတဲ့ စွပ်စွဲမှုတွေကို ရပ်သင့်ပြီဆိုတဲ့အကြောင်း ဒီဗွီဒီယိုက မီးမောင်းထိုးပြခဲ့ပါတယ်။

ထိုအမျိုးသမီးဟာ ဓာတ်လှေကားထဲကို ၀င်လာပြီး သူမ သွားရောက်မယ့် အလွှာနံပတ်ကို နှိပ်ခဲ့ပါတယ်။ နောက်တစ်လွှာလောက် အရောက်မှာ သူမဟာ အခြေအနေကို ခဏကြည့်ပြီး Shut ကို နှိပ်ကာ စကပ်ကိုလှန်ပြီး ခပ် တည်တည် ထိုင်ချကာ ဗိုက်ကိစ္စရှင်းလိုက်ပါတယ်။ CCTV တပ်ထားသလား ဘေးဘီကို ဝေ့ကြည့်ပေမယ့် သူမနောက်ကျောက တကယ့် CCTV ကိုတော့ မမြင်ခဲ့ပါဘူး။

သူမဟာ ကိစ္စ၀ိစ္စပြီးသွားတာနဲ့ ဘာမှမလုပ်ခဲ့တဲ့ ခြေလှမ်းမျိုးနဲ့ လှမ်းထွက်ကာ သွားလိုရာကို ဆက်သွားခဲ့ပါတယ်။ အခြေအနေကို သုံးသပ်ရရင် အဲဒီအမျိုးသမီးဟာ ဒီတိုက်ခန်းမှာနေတဲ့အမျိုးသမီးတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ အမြဲနေလေ့ရှိတဲ့ လူတွေဟာ ဓာတ်လှေကားထဲမှာ CCTV တပ်ထားတာလောက်ကိုတော့ သတိထားမိပြီး ဖြစ်ပါလိမ့်မယ်။ ဒီဗွီဒီယိုဟာ တရုတ်နိုင်ငံက တိုက်ခန်းတစ်ခု (သို့) ရှော့ပင်စင်တာ တစ်ခုခုမှာ ရိုက်ထားတာလို့လည်းယူဆထားကြပါတယ်။

Credit:Shwemom



Follow us on