1. Home
  2. Movie Stars - Celebrity

ကိုယ်ပိုင်ဖိနပ်တွေထုတ်လာတော့ မယ့် Katy Perry

Movie Stars - Celebrity ส.ค. 18, 2559 view 1,525

Katy ဟာ Katy Kat CoverGirl အမည်နဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်အောင်မြင်နေပီး ခြေလှမ်းသစ်အနေနဲ့ Katy Perry အမည်နဲ့ ဖိနပ်တွေကို မကြာခင် ဝယ်ယူနိုင်တော့မှာပါ။

ဒီဇိုင်းတွေကို သူမကိုယ်တိုင် ပါဝင်ရေးဆွဲထားတာဖြစ်ပါတယ် ။ J-lo နဲ့ Bakham တို့လို ကမ္ဘာကျော်ဆယ်လီတွေနဲ့ ပူးပေါင်းခဲ့တဲ့ Global Brands Group လုပ်ငန်းစုနဲ့ Katy လက်တွဲပြီး Katy Perry အမည် ဖိနပ်တွေကို ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။

 ခြေညှပ်ဖိနပ်ပါး၊ Sneaker နဲ့ ဒေါက်မြင့်ဖိနပ်တွေကို ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၅၉ ဒေါ်လာမှ ၂၉၉ ဒေါ်လာကြား တန်ဖိုးကျသင့်မှာဖြစ်ပြီး ၂၀၁၇ ဆောင်းရာသီမှာ စတင်ဖြန့်ချိမှာပါ။

Katy ရဲ့ Katy Kate cosmetic 

Credit:Duwun 



Follow us on