
Justin ဟာ Omni Mount Washington Resort မှာ နေ့လယ်စာစားနေတုန်း သတို့သမီးရဲ့ဖခင်နဲ့ တွေ့ဆုံခဲ့ပြီး ထိုလူရဲ့ တောင်းဆိုမှုကြောင့် ဓာတ်ပုံလာရိုက်ပေးခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံဟာ ဓာတ်ပုံရိုက်ကူးစဉ် သူတို့ဘေးနားကို Justin ဝင်လာတဲ့အတွက် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ပျော်ရွှင်နေတဲ့ မင်္ဂလာစုံတွဲဆီ အမှတ်မထင်ရောက်လာတဲ့ Justin ဟာ ဓာတ်ပုံတွေအတူ ရိုက်ကူးအပြီးမှာ "သွားစရာ မင်္ဂလာပွဲ နောက်တစ်ပွဲရှိသေးတယ်။ ကွန်ကရက်ကျူလေးရှင်းပါ" လို့ သတို့သားနဲ့ သတို့သမီးကို ပြောခဲ့ပါတယ်။ အဲဒီနောက် ဂျက်စတင်ဟာ ကိတ်မုန့်တောင် မစားတော့ဘဲ ထွက်သွားခဲ့ပါတယ်။
Justin ထွက်သွားချိန်အထိ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်ကို တအံ့တသြနဲ့ ကြည့်နေခဲ့ ကြ ပါတယ်။


Credit:Duwun
comment