
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှ ဇနီးမောင်နှံနှစ်ယောက်ထံမှာ မွေးဖွားလာတဲ့ ကလေးငယ်ဟာ မြွှေလို အရေခွံ ပုံမှန်ကွာကျနေတဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။ မမွေးခင်တုန်းက ဆရာဝန်များဟာ လူ တစ်သန်းမှာ ၁ ယောက်သာ မွေးမွေးချင်းမှာ အသက်ရှင်နိုင်လို့ ဒီကလေးအသက်မရှင်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

Harper Foy ကလေးမလေးကတော့ အသက် ၁ နှစ်တောင် ပြည့်တော့မှာ ဖြစ်လို့ သူမဟာ အင်မတန် ကံကောင်းခဲ့ သူပဲ ဖြစ်ပါတယ်။ ရောဂါက Harlequin Ichthyosis လို့ အမည်ရတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ယင်းရောဂါဟာ အရေပြား ကို ကွာကျစေပါတယ်။ ရေကိုလည်း သာမန်လူတွေထက် ပိုပြီးတော့ ခန္ဓာကိုယ်မှာ လိုအပ်နေသူ ဖြစ်ပါတယ်။ နေထိုင်တဲ့ နေရာကအစ သီးသန့်ဖန်တီးပေးရပြီး ဖန်ပြွန်ထဲမှာ အနေများရသူ ဖြစ်ပါတယ်။
မွေးမွေးချင်းအချိန်က အင်မတန် ဆိုးရွားတဲ့ ဝေဒနာ ခံစားရပြီး ယနေ့တိုင်လည်း ကမလေးလေးဟာ အရေပြား ကွာကျမှုကြောင့် နာကျင်တဲ့ ဝေဒနာကို ခံစားရပါတယ်။ သူမရဲ့ ခံစားရတဲ့ ဝေဒနာကို သနားညာတာပြီး မီဒီယာများက ယခုလို ဓာတ်ပုံများဖြင့် ဖော်ပြထားပါတယ်။ သူမအတွက် လိုအပ်တဲ့ ပစ္စည်းများကို ဝယ်ရန် အလှူငွေများ လက်ခံနေပြီးလဲ ဖြစ်ပါတယ်။

Credit:yoyarlay
comment