1. Home
  2. Movie Stars - Celebrity

ဆံပင်တွေကို ခြုံထားတာဟာ တီရှပ်အင်္ကျီတွေထက် ဆွဲဆောင်မှုရှိတယ်လို့ပြောတဲ့ Madame Kush

Movie Stars - Celebrity ส.ค. 19, 2559 view 1,563

အသက် (19)နှစ်အရွယ် Sara Beygi ဟာ Sara ဟာ Madame Kush အမည်နဲ့ Instagram ပေါ်မှာတော့ Cele တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက မညှပ်ပဲ ချန်ခဲ့တဲ့ ဆံပင်တွေနဲ့ အင်္ကျီမ၀တ်လဲ လုံလုံခြုံခြုံ ဖုံးအုပ်လို့ရတယ်လို့ ဆိုပါတယ်။ သူမရဲ့ ဆံပင်တွေဖုံး အုပ်ပြီး ရိုက်ကူးထားတဲ့ ပုံတွေဟာ လူကြိုက်များလှပါတယ် ။

Sara ဟာ ကယ်လီဖိုးနီးယားပြည်နယ်သူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ဆံပင်တွေဟာ 3.7 ပေရှည်လျှားပါတယ်။ Sara ရဲ့ အရပ်အမြင့်ကတော့ 5.6 ပေရှိပြီး ဒီဆံပင်တွေကို ဆက်ပြီးအရှည်ထားဦးမယ်လို့ သူမက ဆိုပါတယ်။ သူမကို ပရိသတ်တွေက သက်ရှိ Rapunzel လို့ တင်စားနေကြပြီး သူမရဲ့ စကားကတော့ တစ်ခါတလေ ဆံပင်တွေကို ခြုံထားတာဟာ တီရှပ်အင်္ကျီတွေထက် ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။

Sara က ” ဆံပင်တွေကို အင်္ကျီအစား ၀တ်ဆင်ရခြင်းဟာ ကျွန်မရဲ့ဝတ်စုံဖြစ်လာခဲ့ပါပြီ “လို့ ဖွင့်ဟခဲ့ပါတယ်။ သူမအကြိုက်ဆုံး ဆံပင်ပုံစံကတော့ သူမ အမေ ကျစ်ပေးတဲ့ပြင်သစ်ကျစ်ဆံမြီးကို အလွန်သဘောကျတယ်လို့ ဆိုပါတယ်။ ဒီဆံပင်ရှည်ရှည်တွေကို လျှော်တဲ့အခါမှာ အချိန်တစ်နာရီခွဲလောက် ယူရပြီး၊ ဆံပင်အခြောက်ခံခြင်း စတဲ့ ကိစ္စရပ်တွေကလည်း အခြားသူတွေ သည်းခံနိုင်တဲ့အတိုင်းအတာမှာ မရှိဘူးလို့ ဆိုပါတယ်။

သူမက ဒီဆံပင်တွေ ရှည်တာကို စောင့် ကြည့်လိုနေပြီး ဘယ်အချိန်ကျမှ ဆံပင်ရှည်ခြင်း ရပ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါလို့ ပြောခဲ့ ပါတယ်။

Credit:Shwemom



Follow us on