1. Home
  2. Special or Others

Facebook က ဆယ်ကျော်သက်လူငယ်တွေ အတွက်ရည်ရွယ်ထားတဲ့ “Lifestage” social App အသစ်တစ်ခု ထုတ်ပေးလိုက်ပါပြီ

Special or Others ส.ค. 22, 2559 view 1,613

“Lifestage” App ကို အသက် ၂၁ နှစ်အောက် အထက်တန်းကျောင်းသားများအတွက် ရည်ရွယ်ထားဖြစ်ပြီး “Lifestage” ကိုသုံးဖို့အတွက် Facebook account ရှိဖို့မလိုအပ်ပါဘူး။

“Lifestage” App ကို စသုံးမယ့်အချိန်မှာ မိမိရဲ့ အသက်ကို ရွေးချယ်ပေးရပါမယ်၊ ဖုန်းနံပါတ်ကိုလည်း ဖြည့်သွင်းပေးရမှာဖြစ်ပါပြီး confirmation code ကို မိမိရဲ့ ဖုန်းကို ပေးပို့ပါလိမ့်မယ်။
အသုံးပြုမယ်ဆိုရင်တော့ မိမိရဲ့စာသင်ကျောင်း၊ ကျောင်းနေဖက်သူငယ်ချင်းတွေရဲ့ ဗီဒီယိုတွေကို ရွေးချယ်ပေးရပါလိမ့်မယ်။ ကိုယ့်ရဲ့ User Profile အတွက်တော့ “happy face”, “sad face”, “like”, “dislike” စတဲ့ မိမိနဲ့ ပက်သက်တဲ့ ဗီဒီယိုတွေကို အခြားသူငယ်ချင်းတွေ App ကနေပြန်လည်ကြည့်ရှုနိုင်အောင် တင်ပေးရမှာဖြစ်ပါတယ်။

အသုံးပြုသူရဲ့ အသက်ဟာ ၂၂ နှစ်ကျော်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ရဲ့ profile ကိုသာ ပြန်မြင်တွေ့နေရမှာဖြစ်ပါတယ်။ App အနေနဲ့ အသုံးပြုသူရဲ့ အသက်ကို မထောက်လှမ်းနိုင်ပဲ ကိုယ်တိုင်ရွေးချယ်ပေးတဲ့ အသက်အပေါ်မှာသာ တုံ့ပြန်လုပ်ဆောင်မှာဖြစ်ပါတယ်။

“Lifestage” ကိုဖန်တီးသူ အသက် ၁၉ နှစ်အရွယ် Facebook product manager တစ်ဦးဖြစ်သူ Michael Sayman က “အနည်းဆုံး သူ့ရဲ့ သူငယ်ချင်းတွေကို သုံးစေချင်ပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ “Lifestage” App ကို USA ဖုန်းနံပါတ်နဲ့သာ Sign Up လုပ်နိုင်ပါလိမ့်မယ်။

“Lifestage” For iOS
https://itunes.apple.com/us/app/lifestage/id1004753218?mt=8
 



Follow us on