1. Home
  2. Myanmar News

လေးလောင်းပြိုင် လူသတ်မှု တရားခံ ဖြစ်နိုင်ခြေ လူစိမ်းသုံးဦး အခင်းဖြစ်ပွားရာနေရာတွင် ဓါတ်ပုံရိုက်သွား

Myanmar News ส.ค. 23, 2559 view 1,773

- အခင်းမဖြစ်ပွားမီ ရက်ပိုင်းတွင် လူစိမ်းသုံးဦး အခင်းဖြစ်ပွားနေရာတွင် လာရောက်ခဲ့တယ်

- လူစိမ်းသုံးဦးဟာ မသင်္ကာစွာ လာရောက် အကဲခတ်သွားသည်ဟု သိရပါတယ်

- လူစိမ်းသုံးဦးမှာ ဆံရှည် တစ်ဦးပါပြီး အသားမဲမဲ ပိုင်ဆိုင်သူများဖြစ်ကြပါတယ်


လေးလောင်းပြိုင်လူသတ်မှုဟာ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့ တွင်ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ လေးဦးမှာ ကိုစိုးနောင် (၃၇)နှစ်၊ မောင်ဟန်သူရ (၁၃) နှစ်၊ မောင်စွမ်းထက်မြက် (၈)နှစ်၊ မချယ်ရီပွင့် (၃၃) နှစ် သို့ဖြစ်ကြပါတယ်။

အခင်းမဖြစ်ပွားခင် တစ်ပါတ်အလိုတွင် လူစိမ်းသုံးဦး လာရောက်ပြီး အကဲခတ် ဓါတ်ပုံရိုက်သွားကြောင်း သိရပါတယ်။

"အခင်းမဖြစ်ခင် နှစ်ရက်လောက်က သမီးက အန်တီကို အိမ်ကိုလာ အကဲခတ်ပြီး ဓာတ်ပုံရိုက် သွားတယ်လို့ လာပြောတယ်။ သူတို့ကို သမီးက အိမ်ထဲက ဓာတ်ပုံရိုက်ထား လိုက်တယ်လို့ ပြောတယ်။ အဲဒီပုံကို အန်တီကြည့်တော့ အရင်လာကြည့်တဲ့ လူနှစ်ယောက်အပြင် ဆံပင်အရှည်နဲ့ လူတစ်ယောက်ပါ ပိုပါလာတယ်။ သုံးယောက်လုံးက အသားမဲမဲတွေ ဖြစ်တယ်” ဟု သေဆုံးသူ မချယ်ရီပွင့်ရဲ့မိခင် ဒေါ်ရီရီနွဲ့က  ပြောကြားသည်။

အခင်းမဖြစ်မီ ရက်ပိုင်းက နေအိမ်သို့ လာရောက်ခဲ့သော လူစိမ်းသုံးဦးနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို သိရှိသူများ၊ ၎င်းတို့နှင့် ဆက်စပ် ပတ်သက်သူများ အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက်ကူညီ အသိပေး အကြောင်းကြားရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ပေါ်ထွက်ခဲ့သော ဓာတ်ပုံပါ ကာယကံရှင်များ အနေဖြင့်လည်း သတင်းပြန့်နှံ့ နေသည့်အတိုင်း မိမိတို့ အနေဖြင့် မဟုတ်ခဲ့ပါက သက်ဆိုင်ရာသို့ သွားရောက်ရှင်းလင်းရန် လိုအပ်မည်ဖြစ်ပါသည်။  

ယင်းဖြစ်စဉ်ကို ထောက်ကြန့် နယ်မြေရဲစခန်းက (ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Source: News Eleven

 



Follow us on