1. Home
  2. Myanmar News

ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေ အနက်ရောင် ရုတ်တရက်ပြောင်းလဲသွားပြီး ဒေသခံများ စိုးရိမ်နေ

Myanmar News ส.ค. 23, 2559 view 1,728

- ဒီနေ့မနက် ၆ နာရီလောက်မှာ ချင်းတွင်းမြစ်ရေ အနက်ရောင်တို့ ပြောင်းလဲခဲ့ပါတယ်
- မြစ်ရေအနက်ရောင်ပြောင်းလဲသွားတာ အရင်က တခါမှ မတွေ့ဖူးခဲ့ပါ
- ဒေသခံများ စိုးရိမ်ကာ ရေများကို အသုံးမပြုရဲတော့ပါ

 


သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ သောက်သုံးရန်မသင့်သော ချင်းတွင်းမြစ်ရေသည် အနက်ရောင်သို့ ရုတ်တရက်ပြောင်းသွားသည်ဟု ဒေသခံများ ပြောကြားချက်အရသိရပါတယ်။


မနေ့ကအထိတော့ ရေများဟာပုံမှန်ဘဲ ရှိနေခဲ့ပါတယ်။ ဒီမနက်မှ နက်ပြာရောင်သို့ စပြောင်းသွားခဲ့ပါတယ်။ အခုဆို မြစ်ရေတစ်ခုလုံး အနက်ရောင် ပြောင်းလဲသွားပါတယ်။ ရေနေတိရစ္ဆာန်တွေ သေတာတွေတော့ မတွေ့ရသေးပါဘူး။ ရေကို နှမ်းကြည့်သောအခါမှာလဲ ဘာအနံ့မှ မရပါဘူး။


မနေ့ညက ချင်းတွင်းမြစ်ရေထဲမှာ ရေချိုးတဲ့ သူတစ်ချို့ကတော့ အနည်းငယ် ယားယံတာ ခံစားရပါတယ်လို့လဲသိရပါတယ်။


ချင်းတွင်းမြစ်ရေကို ခန္တီးဒေသခံများက အများဆုံး အသုံးပြုခဲ့ကြပါတယ်။ အခု ရေအနက်ရောင်ပြောင်းသွားတော့ အဒေသခံများ စိုးရိမ်ပြီး အသုံးမပြုရဲတော့ပါ။ အခုတော့ တွင်းရေကိုဘဲ စုပေါင်းအသုံးပြုနေကြပါတယ်။


အခုထိတော့ မြစ်ရေ အနက်ရောင်ပြောင်းသွားတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဒေသခံများလဲ အထူးစောင့်ကြည့်နေကြပါတယ်။ သောက်သုံးရေ မလုံလောက်မှာကိုလဲ စိုးရိမ်နေကြပါတယ်။

Souce: Eleven News

 



Follow us on