1. Home
  2. Special or Others

Anaconda မြွေကြီးကို ခွဲစိတ်ကုသ အသက်ကယ်ပေးခဲ့သော ဆရာဝန်များ

Special or Others ส.ค. 23, 2559 view 1,644

ထိုင်းနိုင်ငံ တိရစ္ဆာန်ဆေးရုံတစ်ခုမှာ Anaconda မြွေကြီးတစ်ကောင် နေမကောင်းလို့ ဆရာဝန်တွေနဲ့ပြသဖို့ ရောက်ရှိလာပါတယ်။  

ဓါတ်မှန်နှစ်ခါလောက် ကောင်းကောင်းရိုက်ကြည့်တော့ မြွေကြီးရဲ့ နှလုံးနားမှာ အသားပို အကြီးကြီး ရှိနေတာကို တွေ့လိုက်ရတယ်။ ဒီအသားပိုက မြွေကြီးရဲ့ နှလုံးအလုပ်လုပ်ခြင်းမှ အဟန့်အတားဖြစ်နေပါတယ်။ ခွဲစိတ်ကုသပြီး အသားပိုကို ယူထုတ်မှသာ မြွေကြီး အသက်ဆက်ရှင်နိုင်မှာဖြစ်ပါတယ်။

ဆရာဝန်တွေကလဲ မြွေကြီးရဲ့အသက်ကိုကယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ခွဲစိတ်ကုသချိန် ၆ နာရီခွဲ ကြာခဲ့ပြီး အသားပိုကြီးကို အောင်မြင်စွာ ထုတ်ပြစ်နိုင်ခဲ့ပါတယ်။

အသားပိုကြီးက အလေးချိန် ၁ ကီလိုလောက် လေးပြီး အရမ်းအရွယ်ကြီးပါတယ်။ ခွဲစိတ်တာ အောင်မြင်ပြီး ဆရာဝန်တွေလဲ မြွေကြီးရဲ့ အသက်ကို ကယ်နိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသားခဲ့ကြပါတယ်။

Source: Khaosod.co.th



Follow us on