မှော်ဆရာလား အောက်လမ်းဆရာလားတော့မသိပါ။ သူ့ရဲ့ အစွမ်းပြသမှုကတော့ အံ့မခန်း ဖြစ်ရပါတယ်။ လာရောက် ပူဇော်သူ လူငယ်တွေနဲ့ သူ့ရဲ့အစွမ်းတွေကိုပြသခဲ့ပါတယ်။ ဓါးနဲ့ ခုတ်လဲ မ၀င်၊ ဓါးနဲ့လှီးလဲ သွေးမထွက်ဆိုတော့ လူငယ်တွေရဲ့အကြိုက်ပေါ့။ မျက်လှည့်လား တကယ့်အစွမ်းလားတော့ သေသေချာချာ မသိကြပါ။