1. Home
  2. Movie Stars - Celebrity

နစ်နာကြေး ရတဲ့ ကန်ဒေါ်လာ ခုနစ်သန်းကို လှူဒါန်းမယ့် Amber Heard

Movie Stars - Celebrity ส.ค. 25, 2559 view 1,610

အိမ်ထောင်သက် ၁၅ လအကြာတွင် အိမ်တွင်းအကြမ်းဖတ်မှုများကြောင့် ဟောလိဝုဒ်မင်းသား Johnny Depp ကို အမေရိကန် သရုပ်ဆောင်မင်းသမီး Amber Heard က တရားစွဲဆိုခဲ့ပေမယ့် Johnny Depp က Amber ဟာ ခြမ်းခြောက်ငွေညှစ်ခြင်း ဇြစ်တယ်လို့ ပြန်လည် တရားစွဲဆိုထားခဲ့ပါတယ်။

သူတို့ ဇနီး မောင်နှံရဲ့ ကွဲရှင်းမှုကို တရားရုံးပြင်ပမှာပဲ ၁၆ ရက်နေ့က ပြေလည်အောင်ငြှိနှိုင်းခဲ့ကြပါတယ်။ Amber ဟာ Johnny Depp ထံကနေ ကန်ဒေါ်လာ ခုနစ်သန်း ကို ရရှိခဲ့ပါတယ်။ Amber ဟာ ရရှိထားတဲ့ငွေကြေးတွေကို ကိုယ်ကျိုးအတွက် သုံးစွဲမည် မဟုတ်ကြောင်း ကိုလဲ ပြောသွားခဲ့ပါတယ် ။

Amber ဟာ အမျိုး သမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေးအတွက် အဓိက ဖွဲ့ စည်းထားသော American Civil Liberties Union အဖွဲ့နှင့် လော့စ် အန်ဂျလိစ်မြို့ ကလေးဆေးရုံသို့ အညီအမျှ ခွဲဝေလှူဒါန်းမည်ဟု သြဂုတ် ၁၈ ရက်တွင် ကြေညာခဲ့ ပါတယ်။

Credit:7Day 



Follow us on