1. Home
  2. Movie Stars - Celebrity

ရည်းစားနဲ့ ကွဲသွားပြန် တဲ့Jelo

Movie Stars - Celebrity ส.ค. 26, 2559 view 1,502

အမြွှာ ကလေး၂ယောက်အမေ အသက် ၄၇ နှစ်အရွယ် Jennifer Lopez နဲ့ အသက် ၂၉ နှစ်အရွယ် Casper Smart တို့ဟာ ငါးနှစ်ကြာခဲ့တဲ့ သူတို့ရဲ့အချစ်ရေးကို အဆုံးသတ်လိုက်ပါပြီ။ 2011 ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ပေါ့စတား ဟောလိဝုဒ်မင်းသမီး jelo နဲ့ အကသမား Casper တို့ဟာ ၂၀၁၄ ခုနှစ်မှာ ခဏတာ ကွဲခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ လမ်းခွဲလိုက်ကြပေမဲ့ သူငယ်ချင်းတွေအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ သြဂုတ်လ ၂၄ ရက်မှာ သူတို့ရဲ့အတွင်းလူတစ်ဦးက ပြောခဲ့တာ ဖြစ်ပါတယ်။ Jelo နဲ့ သူမချစ်သူ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် ယင်းဆုံးဖြတ်ချက်ကို ချခဲ့သူဟာ Jelo ဖြစ်တယ်လို့ TMZ က ရေးသားခဲ့ပါတယ်။

Jelo ဟာ မာ့ခ်အန်တိုနီနဲ့ လက်ထပ်ဖူးပြီး အမြွှာနှစ်ယောက်ဖြစ်တဲ့ ၈ နှစ်အရွယ် သားနဲ့သမီး ရှိပါတယ်။

Credit:Duwun



Follow us on