1. Home
  2. Special or Others

ဒေါ်လာ ၂ ဒသမ ၈ သန်းတန်ဖိုးရှိသော ကမ္ဘာ့ပထမဆုံး တိုင်တေနီယမ်ကိုယ်ထည်နှင့် မော်တော်ကား

Special or Others ส.ค. 29, 2559 view 1,757

-Icona Vulcano မော်တော်ကားသည် ကမ္ဘာပထမဆုံး တိုင်တေးနီယမ်ကိုယ်ဖြင့်ထုတ်လုပ်

-မော်ကား တန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့်ရောင်းချသွားမည်

-၆ ဒသမ ၂ လီတာ V-8 အင်ဂျင်တပ်ဆင်ထားပါတယ်

-၂ ဒသမ ၈ စက္ကန့် အတွင်း တစ်နာရီမိုင် ၆၀ နှုန်းအထိသွားနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်း တစ်နာရီမိုင် ၂၂၀

ဒီဇိုင်းဒါရိုက်တာ ဆမ်မျူရယ်က “စွမ်းအင်နဲ့လှပမှုကြား မျှတစေဖို့ ထိန်းကွပ်လုပ်ဆောင်ခဲ့ရပါတယ်။ တစ်ဖက်မှာ အရမ်းလှပအောင် ဖန်တီးမိတဲ့ အခါ စွမ်းအင်ပိုင်းမှာ အားလျော့သွားပါတယ်။ စွမ်းအင်ပိုင်းကို အာရုံစိုက်လိုက်ရင်လည်း အလှအပပိုင်းဆိုင်ရာ ဖန်တီးမှုမှာ အားနည်းသွားပါတယ်။ ဒီနှစ်ခုကြားမှာမျှတအောင်ဖန်တီးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်”ဟု ဆိုခဲ့သည်။

ကား၏တိုင်တေးနီယမ်ကိုယ်ထည်ကို CECOMP ကုမ္ပဏီက နာရီပေါင်း ၁၀၀၀၀ ကျော် အချိန်အတွင်း လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပြီး Formula One ကားများတွင် အများဆုံးအသုံးပြု လေ့ရှိသော ကာဗွန်ဖိုင်ဘာများကိုလည်း ကိုယ်ထည်တည်ဆောက်ရာတွင် ထည့်သွင်းအသုံးပြုခဲ့သည်။ Ferrari နှင့် ကမ္ဘာကျော် ကားပေါင်းများစွာကို ဖန်တီးခဲ့သည့် Claudio Lombardi က တိုင်တေးနီယမ်ကိုယ်ထည်နှင့် ကားထုတ်လုပ်ရန်ပရောဂျက်ကို ဦးဆောင်ခဲ့ပြီး စက် တင်ဘာလ ၁ ရက်မှ ၃ ရက်အထိ Blenheim Palace တွင် ကျင်းပမည့် 2016 Salon Prive Concoursd' Elegance ပြပွဲ၌ ပြသသွားမည်ဖြစ်သည် ဟု သိရသည်။

Soure : Pyi Myanmar



Follow us on