1. Home
  2. Special or Others

ထိုင်းဘတ် ၂၀,၀၀၀ ပါတဲ့ ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံ ပြန်ပေးခဲ့တဲ့ အိမ်ခြေမဲ့တစ်ဦးကို အလုပ်နှင့် နေစရာနေရာချီးမြှင့်

Special or Others ส.ค. 30, 2559 view 1,582

အလုပ်အကိုင်မရှိ နေစရာအိမ်မရှိပဲ လမ်းပေါ်မှာနေရတဲ့ ထိုင်းအမျိုးသားတစ်ဦး။ သူ့ရဲ့ကောင်းမွန်မှန်ကန်တဲ့ လုပ်ရပ်ကြောင့် ဘဝကပြောင်းလဲသွားပါတယ်။

ကိုကိုးနပ်ဘန်ကောက် သတင်းအရ၊ ဖေ့စ်ဘုတ် အသုံးပြုသူတစ်ဦးဖြစ်တဲ့ ‘တာရီကာပက်တီ' က သူ့ရည်းစားကောင်လေးရဲ့ ပိုက်ဆံအိတ်ကို အမည်မဖော်လိုတဲ့ အိမ်ယာမဲ့တစ်ယောက်က တနင်္လာနေ့က ကောက်ရခဲ့ပြီး ပြန်ပေးခဲ့တယ်လို့ ရေးတင်ခဲ့ပါတယ်။ အဆိုပါ အိမ်ယာမဲ့သူမှာ လမ်းပေါ်မှာပဲ နေထိုင်ခဲ့တာ တစ်နှစ်ကျော်ရှိနေပါပြီ။

ပိုက်ဆံအိတ်ထဲမှာတော့ ထိုင်းဘတ် ၂၀,၀၀၀/ ပါပြီး၊ ‘တာရီကာ’ ရဲ့ ရည်းစားက ထွက်ကျကျန်နေခဲ့တာတောင် သတိမထားမိပါဘူး။ အိမ်ယာမဲ့လူက ကောက်ရပြီး ရဲဌါနကို အပ်နှံခဲ့တာပါ၊ ရဲဌါနကမှ ပိုင်ရှင်ကို ဆက်သွယ်မိပါတယ်။

ပိုင်ရှင်ဖြစ်သူက အလုပ်အကိုင်မရှိပဲ ‘ဟွေကွမ်း’ ဘူတာရုံမှာပဲ အိပ်စက်နေရတဲ့ အိမ်ယာမဲ့လူကို ကျေးဇူးဆပ်တဲ့အနေနဲ့ အလုပ်အကိုင်နဲ့ နေစရာနေရာကို စီစဉ်ချီးမြှင့်ခဲ့ပါတယ်။

“ရိုးဖြောင့်မှုဟာ အကောင်းဆုံး သူတော်ကောင်းတရားပါ"

‘တာရီကာ’ က သူမရဲ့ ဖေ့စ်ဘုတ်မှာ အောက်ပါအတိုင်း ဆက်ရေးပါတယ်..

“သူရဲ့ ကျန်းမာရေးနဲ့ စားရေးသောက်ရေး အဆင်ပြေသွားပါပြီ၊ ဒါတွေဟာ အိမ်မက်များလားလို့ သူက မေးပါသေးတယ်။ ဟားဟား။ ဘဝကို သေချာပေါက်ပျော်ရွှင်အောင် လုပ်ပေးနိုင်တာကတော့ ကောင်းမှုလုပ်ခြင်းပါပဲ။”

ကိုယ်တိုင်သူနဲ့ အပြင်သွားပြီး အဝတ်အစားဝယ်တာတွေ၊ သူရဲ့အိမ်အသစ်က ပုံတွေကိုလည်း သူမကတင်ထားခဲ့ပါတယ်။

Ref:Stomp



Follow us on