1. Home
  2. Myanmar News

ထပ်ဆောင်းဝန်ဆောင်မှုအချို့ကြောင့် ဖုန်းဘီလ်ဖြတ်တောက်ခံရမှု MPT ပြန်ဖြည့်ပေးမည်ဟုဆို

Myanmar News ส.ค. 30, 2559 view 1,559

-မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT)၏ထပ်ဆောင်း ဝန်ဆောင်မှုအချို့ကြောင့် အလို အလျောက် ဖုန်းဘီလ်ဖြတ်တောက် မှုများအတွက် သုံးစွဲသူများအား ဖုန်းဘီလ်ပြန်လည်ဖြည့်သွင်းပေး မည်

-MPT ဆင်းမ်ကတ်အသုံးပြု သူများသည် ထပ်ဆောင်း ဝန် ဆောင်မှုများ မယူထားဘဲ ဝန် ဆောင်ခပေးနေရခြင်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့၍ ဖြတ်တောက်ခံရ သူများအား ဖုန်းဘီလ်ပြန်လည် ဖြည့်သွင်းပေးမည်

-ဖုန်းဘီလ်အလိုအလျောက် ဖြတ်တောက်ခံရခြင်း ရှိ၊ မရှိနှင့် ဖုန်းဘီလ်ပြန်လည်ဖြည့်သွင်းပေး မှုအခြေအနေများကို MPT ၏ လိုတရဝက်ဘ်ဆိုက် http:// lotayamm.mm မှ အဆင့်ဆင့် စစ်ဆေးမှုပြုလုပ်နိုင်ကြောင်း သိရသည်

- မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက သြဂုတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်

‘‘ရယူထားခြင်း မရှိတဲ့ ဝန် ဆောင်မှုများအတွက်၊ ဝန်ဆောင် ခပေးခဲ့ရတဲ့ သုံးစွဲသူများအတွက် ဖုန်းငွေပြန်လည်ဖြည့်သွင်းပေးဖို့ ကို အမြန်ဆုံးဆောင်ရွက်သွားနိုင် ဖို့ အချိန်နဲ့ တစ်ပြေးညီလုပ်ဆောင် နေပါတယ်။ အခုဖြစ်ရပ်အတွက် သုံးစွဲသူတွေ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ကျွန်တော်တို့ MPT အနေနဲ့ အနူးအညွှတ်တောင်း ပန်ပါတယ်။ အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိအောင်လည်း ကျွန်တော်တို့ ဘက်က ဆောင်ရွက်နေပါပြီ’’ဟု MPT ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ်မစ္စတာ Koichi Kawase က ပြောသည်။

MPT ၏ ထပ်ဆောင်းဝန် ဆောင်မှုများမှတစ်ဆင့် ဖုန်းဘီလ် မှားယွင်းဖြတ်တောက်မှုများအ တွက် စုံစမ်းစစ်ဆေးမှုများပြုလုပ် နေပြီး ဖြတ်တောက်ခံခဲ့ရသည့် သုံးစွဲသူများအား သြဂုတ် ၂၉ ရက်မှ စတင်ကာ တစ်ပတ်အတွင်း ဖုန်းဘီလ်ပြန်လည်ဖြည့်သွင်းပေး မည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ဖုန်းဘီလ် ပြန်လည်ဖြည့် သွင်းခြင်းကို ချက်ချင်းသိရှိနိုင်မည် မဟုတ်ဘဲ MPT ၏ GSM/WCDMA အသုံးပြုသူများသည် လိုတရဝက်ဘ်ဆိုက်စာမျက်နှာသို့ လည်းကောင်း၊ CDMA အသုံးပြု သူများသည် Call Center နံပါတ် ၁၀၆ သို့လည်းကောင်း ဆက် သွယ်နိုင်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Soure : 7daydaily



Follow us on