1. Home
  2. Special or Others

ပေါင် ၂သိန်းတန် ဖာရာရီကားနှစ်စင်းရဲ့ အဖြစ်

Special or Others ส.ค. 31, 2559 view 1,623

တရုတ်နိုင်ငံ Lijiang မြို့က လမ်းမကြီးပေါ်မှာ အမြန်နှုန်း 250 မိုင်နှုန်းနဲ့ မောင်းလာတဲ့ အီတလီထုတ် ဖာရာရီကားနှစ်စင်းဟာ ခွေးတစ်ကောင်ကို ရှောင်ရင်း မတော်တဆမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ကားတစ်စင်းရဲ့ တန်ဖိုးဟာ ကာလပေါက်ဈေး ပေါင်နှစ်သိန်းရှိပြီး နှစ်စင်းဖြစ်တဲ့အတွက် ပေါင် 4 သိန်းကျော် တန်ဖိုး ရှိကြောင်း သိရပါတယ်။ ဆင်းရဲသားတွေအတွက်တော့ ဆွေခုနှစ်မျိုးခုနှစ်ဆက် ထိုင်စားလို့ မကုန်နိုင်တဲ့ ပိုက်ဆံ အရေအတွက် ဖြစ်ပါတယ်။

ကားနှစ်စီး အပြိုင်မောင်းလာရင်း Border Collie အမျိုးအစား ခွေးတစ် ကောင် ယာဉ်ကြောနဲ့ မလွတ်ကင်းတဲ့ လမ်းမအလယ်မှာ ရှိနေတဲ့အတွက် ကားတစ်စီးဟာ ဦးတည်ချက် ပြောင်းရင်း ခွေးနဲ့ မလွတ်ပဲ တိုက်မိကာ အရှိန်မထိန်းနိုင်ကြတော့ပဲ မတော်တဆမှု ဖြစ်သွားခဲ့တာဖြစ် ပါတယ်။

Ferrari 488 GTB အမျိုးအစားဖြစ်ပြီး တစ်စင်းမှာ ငွေရောင်၊ တစ်စင်းကတော့ အဖြူရောင်ဖြစ်ပါ တယ်။ ငွေရောင်ဖာရာရီကတော့ လမ်းလယ်မှာရှိတဲ့ အလူမီနီယံစည်းရိုးကို တိုက်မိကာ ရပ်တန့်သွားပြီး အဖြူရောင်ဖာရာရီကတော့ လမ်းမဘေးမှာ ဒလိမ်ခေါက်ကွေးဖြစ်ကာ အရှိန်သေပြီး ရပ်တပ်သွားခဲ့ပါတယ်။ အများပြည်သူ တစ်စုံတစ်ယောက်မှထိခိုက်ခြင်း မရှိတာကိုပဲ ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

အသက်(30)အရွယ် ယာဉ်မောင်း အမျိုးသားနှစ်ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာတွေသာ ရရှိခဲ့ပြီး အန္တာရယ်ကင်းခဲ့ပါတယ်။ နှစ်ယောက်စလုံးကို အရက်သေစာ သောက်စားပြီး ကားမောင်းခြင်းဟုတ်မဟုတ် စမ်းသပ်စစ်ဆေးတဲ့အခါမှာတော့ ဘယ်သူမှ အရက်သေစာ သောက်စားထားခြင်း မရှိပါဘူး။

Lijiang ယာဉ်ထိန်းတပ်ဖွဲ့က လမ်းဘေးမှာတပ်ထားတဲ့ CCTV တွေကို စစ်ဆေးနေပြီး ခွေးပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။ ကားနှစ်စီးဟာ စိုးစိုးရွာရွာ ထိခိုက်ပျက်စီးသွားလို့ အာမခံကုမ္မဏီအနေနဲ့ ပြင်ဆင်စာရိတ် တစ်စီးလျှင် ပေါင် တစ်သိန်းစီ ပေးချေရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရဲဘက်ကတော့ ကားဒရိုင်ဘာနှစ်ယောက်ရဲ့ လိုင်စင်နဲ့ ယာဉ်ကိုမှတ်တမ်းယူထားရုံသာ ရှိသေးပြီး အမှုဖွင့်ခြင်းရှိမရှိကိုတော့ မသိရသေးပါ။

Credit:Shwemom



Follow us on