1. Home
  2. Myanmar News

သရုပ်ဆောင်ထွန်းငယ်အား တပ်မတော်ကို အကြည်ညိုပျက်စော်ကားခဲ့မှုနှင့် ထောင်ဒဏ် ၃ နှစ်နီးပါးချမှတ်

Myanmar News ส.ค. 31, 2559 view 2,197

၂၀၁၆ ခုနှစ် မတ်လ အတွင်းက နစ်ဆန်းအမျိုးအစား ကားတစ်စီးတွင် တပ်မတော်အား ပုတ်ခတ်ဆဲဆိုထားသည့် စာသားများကို ဆေးမှုတ်ရေးသားထားပြီး နိုင်ငံတော်အလံ နှင့် သာသနာ့အလံများကို ချိပ်ဆွဲလျက် မောင်းနှင်နေသည်ကို ယာဉ်ထိန်းရဲ့တပ်ဖွဲ့က လှည်းတန်းဂုံးကျော် တံတားပေါ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။


 

ကားကို မောင်းနှင်လာသူမှာ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ထွန်းငယ် (ခ) လင်းမောင် (ခ) ထွန်းလင်းသိန်း (ခ) ထွန်းလင်း အသက် ၃၅ နှစ်ဖြစ်ပြီး ပြစ်မှုထင်ရှားသည့်အတွက် တရားရုံးက ထောင်ဒဏ် နှစ်နှစ်နှင့် ကိုးလချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သြဂုတ်လ (၂၇) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယင်းအမှုကို ကိုင်တွယ်သူ ရဲအရာရှိ သိန်းဟန်က -
“သူ့အပြုအမူက တပ်မတော်ကိုစော်ကားရုံတင်မဟုတ်ပါဘူး။ နိုင်ငံတော်အလံနဲ့ သာသနာ့အလံကိုပါ စော်ကားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြစ်ဒဏ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။
 



Follow us on