1. Home
  2. Myanmar News

၂၁ ရာစုပင်လုံ အထိမ်းအမှတ် အထူးတံဆိပ်ခေါင်းများ ထုတ်ဝေ

Myanmar News ส.ค. 31, 2559 view 1,528

-နေပြည်တော်မှာစတင် ကျင်းပတဲ့နေတဲ့ ၂၁ ရာစုပင်လုံညီလာခံ အထိမ်းမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်း

-အထူးထုတ်စာပို့တံဆိပ်ခေါင်း သုံးမျိုးကို ဒီနေ့ ၃၁ ရက်နေ့မှာ စတင်ဖြန့်ချိ

- အရေအတွက် ကန့်သတ်ထားတဲ့ ၁၀၀၊ ၂၀၀ နဲ့ ၅၀၀ တန် တံဆိပ်ခေါင်းတွေဖြစ်ပါတယ်

ဒီနေ့ ၀ယ်ရင်တော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးစာတိုက်ကြီးတွေမှာ ရက်စွဲတံဆိပ်ကိုလည်း ရိုက်နှိပ်ပေးနေတာပါ။ တံဆိပ်ခေါင်းစုဆောင်းတဲ့ ဝါသနာရှင်တွေ လာရောက်ဝယ်ယူကြပြီး ပင်လုံတံဆိပ်ပါ စာအိတ်တွေကတော့ မနက်ပိုင်းမှာပဲ ကုန်သွားခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်စာတိုက်ကြီးမှာ ခေတ်အဆက်ဆက် ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်း ၉၈ မျိုးကိုလည်း ပြသပြီး ၀ယ်ယူနိုင်အောင် စီစဉ်ထားပါတယ်။

Soure : burmese.dvb.no/



Follow us on