1. Home
  2. Special or Others

ထိုင်းမှာ ဖားပြုတ်ကင်စားပြီး နှစ်ဦးသေဆုံး

Special or Others ส.ค. 31, 2559 view 1,825

-ထိုင်းနိုင်ငံ သန်ချန်ခရိုင်မှာ ဖားပြုတ်ကင်စားပြီး အဘိုးအို ၂ ဦးသေဆုံး

-တတိယမြောက်ပုဂ္ဂိုလ်က မနာမကျန်းဖြစ်ခဲ့

-ဖားကင်တဲ့အိုးနဲ့ချက်ထားတဲ့ ကြက်သားဟင်းကိုစားပြီးနောက် ကလေး ၂ ဦးလည်း နာမကျန်းဖြစ်ခဲ့

-ဖားပြုတ်ရဲ့အရေပြား၊ ဥ၊ အစာအိမ်နဲ့ သွေးထဲမှာ bufotenine နဲ့ bufotoxin ဆိုတဲ့အဆိပ်နှစ်မျိုးကို တွေ့ရလေ့ရှိကြောင်းပြောပါတယ်

-အဆိပ် တွေဟာ ချက်ပြုတ်လိုက်တဲ့မီးအပူကြောင့် ပျက်ပြယ်မသွားနိုင်ပါဘူး

ပရာဒူးကျေးရွာ လက်ထောက်ဥက္ကဌ ယော့ဒ် ဆီယန်ကွန်က အသက် ၇၀ အရွယ်ပုဂ္ဂိုလ်ဟာ ယမန်နေ့ညက မိုးရွာထဲမှာ ဖမ်းမိခဲ့တဲ့ ဖားပြုတ်ကြီးတစ်ကောင်ကို ကင်ခဲ့ကြောင်း ပြောပါတယ်။ ကင်ပြီးတဲ့အခါ သူဟာ သူနဲ့အသက်တူ အဘိုးအို တစ်ယောက်နဲ့ အသက် ၄၅ နှစ်အရွယ်အိမ်နီးချင်းကို ဖိတ်ပြီး ဖားပြုတ်ကင်နဲ့အရက်သောက်ကြပါတယ်။ တစ်နာရီခန့်အကြာမှာ ဖားပြုတ်ကိုချက်ခဲ့တဲ့အဘိုးအိုဟာ အသက်ရှုကျပ်၊ အော့အန်ပြီး သတိလစ်ပြီးနောက် မကြာခင်သေဆုံးသွားခဲ့ပါတယ်။ အခြားအဘိုးအိုဟာလည်း အလားတူလက္ခဏာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

သူ့ကို သန်ချန်ခရိုင်ဆေးရုံကို တင်ပို့ချိန်မှာ သေဆုံးသွားကြောင်း တွေ့ရပါတယ်။ အသက် ၄၅ နှစ်အရွယ်အမျိုးသားက သူဟာ ဖားပြုတ်သားနဲ့ဥအနည်းငယ်ကိုသာ အရက်နဲ့မြည်းကြောင်း ပြောပါတယ်။ သူဟာ အော့အန်ပြီး ဗိုက်နာတဲ့ဝေဒနာ တစ်ညလုံးခံစားခဲ့ရပါတယ်။ ဖားပြုတ်ကင်နဲ့ တစ်အိုးတည်းချက်တဲ့ ကြက်သားကို စားသုံးခဲ့တဲ့ အသက် ၄ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးနှစ်ဦးလည်း နာမကျန်းဖြစ်ခဲ့ပါတယ်။ ကြက်သားဟာ ဖားပြုတ်ရဲ့ဂလန်းတွေကအဆိပ်တွေ ပေကျံနေတာကြောင့်လို့ ယုံကြည်ရပါတယ်။ သူတို့ကို သန်ချန်ဆေးရုံကို တင်ပို့ထားပါတယ်။အဆိပ်မပြင်းဘဲ ကင်စားရတဲ့ဖားမျိုးက တခြားတစ်မျိုးဖြစ်ပြီး ပုံစံအနည်းငယ်ဆင်တူပါတယ်။ ဖားသားကင်ဟာ ထိုင်းနိုင်ငံနေရာဒေသတချို့မှာ လူအစားများတဲ့ သွားရေစာဖြစ်ပါတယ်။

Soure : kumudranews



Follow us on