1. Home
  2. Special or Others

ကျောင်ကားပေါ်မှာ ထူးဆန်းစွာသေဆုံးနေတဲ့ ၁၁ နှစ် ကျောင်းသားလေး

Special or Others ก.ย. 01, 2559 view 1,518

သြဂုတ်လ ၃၀ ရက်နေ့၊ ကျောင်းကားပေါ်တွင် လိုက်ပါလာသော ၅ တန်းကျောင်းသားလေးတစ်ဦး၊ ကျောင်းသို့ ကားဆိုက်ရောက်ပေမယ့် နိုးမလာလို့ ကားဆရာက သွားကြည့်တဲ့အခါ သေဆုံးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ စင်ကာပူနိုင်ငံ၊ မားရစ်စတယ်လာ မူလတန်းကျောင်းမှ ၁၁ နှစ်အရွယ်၊ ၅ တန်းကျောင်းသားလေး တစ်ဦးဖြစ်ပါတယ်။

ကျောင်းကားဆရာက ပထမတော့ အိပ်ပျော်နေတယ်လို့ ထင်ပြီး သွားနှိုးခဲ့ရာ လုံးဝ ခေါ်လို့မရတော့တဲ့အတွက် အရေးပေါ်ကို အကြောင်းကြားခဲ့ပြီး "ကေကေ မိခင်နှင့်ကလေးဆေးရုံကို တင်ပို့ခဲ့ပါတယ်" နှလုံးမခုန်တော့တဲ့ ကလေးငယ်ကို လူနာတင်ယာဉ်ပေါ်မှာ အသက်ကယ်လုပ်ငန်းများကို ကြိုးစားလုပ်ဆောင်ခဲ့ပေမယ့် ကလေးငယ်မှာ သေဆုံးသွားခဲ့ပါပြီ။ ကလေးဟာ တရုပ်လူမျိုးဖြစ်ပြီး လတ်တလောတွင် အဖိုးဖြစ်သူနှင့် နေထိုင်လျက်ရှိကာ မိဘနှစ်ပါလုံးမှာ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေချိန်ဖြစ်ပါတယ်။

ကျောင်းသားမိဘ တစ်ဦးဖြစ်သူက "တနင်္လာနေ့တုန်းက ဒီကလေး အပြင်းဖျားခဲ့တဲ့အတွက် အိမ်ကို စောစောပြန်လွှတ်ခဲ့ရတယ်" လို့ပြောပါတယ်။ အဆိုပါ ထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ ပက်သက်ပြီး အခြားကလေးတွေ စိတ်ပိုင်းဆိုင်ရာ ခံစားချက်မဖြစ်အောင် မိခင်တွေက ထိန်းကျောင်းပေးဖို့ ပြင်ဆင်ထားသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

Ref: Stomp



Follow us on