1. Home
  2. Myanmar News

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ မြင့်တက်လာတဲ့ စင်ကာပူ

Myanmar News ก.ย. 01, 2559 view 1,497

မူလက စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ (၈၂) ဦး ရှိနေခဲ့ရာမှ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၂) ဦီးကို ထပ်မံတွေ့ရှိခဲ့ရတဲ့အတွက် သြဂုတ်လ ၃၁ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် စင်ကာပူကျန်းမာရေးဝန်ကြီးဌါနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၁၅) ဦးထိ တို့မြင့်သွားခဲ့ပြီလို့ ဖော်ပြပါရှိပါတယ်။

အဆိုပါ (၁၁၅) ဦးထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေကို ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ သန္ဓေသားကိုပါ ကူးစက်သွားနိုင်ပြီး မွေးလာမည့် ကလေးမှာ ဦးခေါင်းသေးသေးလေးနဲ့ မွေးဖွားလာနိုင်ပါတယ်၊ ကလေးငယ်မှာ ဥဏှောက်သေသွားနိုင်ပြီး လူစဉ်မမီတဲ့ အခြေနေမျိုးဖြစ်နိုင်ပါတယ်။

စင်ကာပူဟာ အလွန်သန့်ရှင်းသပ်ရပ်မှုနှင့် ကမ္ဘာမှာ ထင်ရှားကျော်ကြားသော်လည်း ခြင်ရှိတဲ့နေရာတွေလည်း များစွာရှိနေပါသေးတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသမီးဟာ စင်ကာပူနိုင်ငံရဲ့ အရှေ့ဘက်ခြမ်းကျတဲ့ "အယ်ဂျူးနစ်"(Aljunied) ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။ နောက်ထပ် ဇီကာဗိုင်းရပ်စ် ကူးစက်ဖို့ အလားအလာရှိတဲ့နယ်မြေအဖြစ် "ဘဒုတ်" (Badok North Ave 3) ကို သတိပေး ထုတ်ပြန်ထားပါတယ်။

ဇီကာဗိုင်းရပ်စ် ကအောက်ပါနည်းလမ်းတွေနဲ့ ကူးစက်နိုင်တဲ့ အတွက် သတိပြုရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

၁။ ခြင်ကနေ တစ်ဆင့်ကူးစက်ခြင်း

၂။ ဇီကာဗိုင်းရပ်ရှိသူ ကိုယ်ဝန်ဆောင်ထံမှ သန္ဓေသားအား ကူးစက်ခြင်း

၃။ ဇီကာဗိုင်ရပ်စ် ကူးစက်ခံထားရသူနှင့် လိင်ဆက်ဆံခြင်း

၎။ ဇီကာဗိုင်ရပ်စ် ရှိသူ၏ သွေးကို သွင်းယူမိခြင်း တို့ဖြစ်ပါတယ်။

 

စင်ကာပူနိုင်ငံဟာ ရေဝပ်တဲ့ပြဿနာ၊ ခြင်နှိမ်နှင်းရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့တာကြောင့် ယခုအခြေနေလောက်သာ ကူးစက်ခံရတယ်လို့ ရွှေဂျာနယ်က ဖြည့်စွက် ရေးသားခဲ့ပါတယ်။

 

Ref: စင်ကာပူရွှေဂျာနယ်

Photos: NBC,WallStreet



Follow us on