1. Home
  2. Myanmar News

ရန်ကုန် မှ ဟောင်ကောင်သို့ တိုက်ရိုက်ပြေးဆွဲမည့် လေကြောင်းလိုင်းသစ် HK Express

Myanmar News ก.ย. 02, 2559 view 1,503

ရန်ကုန် မှ ဟောင်ကောင်သို့ တိုက်ရိုက်ပြေးဆွဲမည့် ဟောင်ကောင်လေကြောင်းလိုင်း "HK Express" မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့ (မနေ့က) ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အဦမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါမိတ်ဆက်ပွဲကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါနမှ တာဝန်ရှိသူများ၊ "HK Express" မှ တာဝန်ရှိသူများ တက်ရောက်ပြီး သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ကျွန်တော်တို့ "HK Express" လေကြောင်းလိုင်းကို ခရီးသွားတွေအတွက် သက်သာတဲ့ ဈေးနှုန်း၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှု တို့နဲ့ အတူ ရန်ကုန်- ဟောင်ကောင်တိုက်ရိုက်ပြေးဆွဲသွားမှာပါ။ မန္တလေး- ဟောင်ကောင်ခရီးစဉ်ကိုလည်း စက်တင်ဘာလ ၅ ရက်နေ့မှာ စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။ ပထမဆုံး စပြေးဆွဲတဲ့ ကာလအတွင်းမှာ လေယာဉ်လက်မှတ်တွေကို ၅၀ ရာ ခိုင်နှုန်းအထိ Discount ပေးသွားမှာပါ

လို့ HK Express လေကြောင်းလိုင်းရဲ့ General Manager ဖြစ်တဲ့ Mr.ShermanLuk က ပြောပါတယ်။

HK Express လေကြောမကြာမီမှာ ထိုင်းနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ လာအိုနိုင်ငံတို့ကိုလည်း တိုးချဲ့ပြေးဆွဲသွားဖို့ရှိပါတယ်။င်းလိုင်းဟာ စရိတ်သက်သာတဲ့ လေကြောင်းလိုင်းတခုဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တို ဘာလ ၂၇ ရက်နေ့မှာ ဟောင်ကောင်မှနေ၍အာရှနိုင်ငံများရဲ့ မြို့ကြီး ၂၇ မြို့ကို လက်ရှိမှာ တိုက်ရိုက်ချိပ်ဆက်ပျံသန်းလျှက်ရှိပါတယ်။ 
 
မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က
မြန်မာနိုင်ငံရဲ့ လေကြောင်းလောကမှာ International Airline တွေ တနေ့တခြား ပိုမိုပြေးဆွဲလာတာ ကောင်းပါတယ်။ အရင်က မြန်မာနိုင်ငံကနေ ပြည်ပကို ခရီးသွားမယ့်သူတွေ အားကိုးနေရတာ ဘန်ကောက်ကနေ Transit သွားစီးရတယ်။ အခု HK Express က စရိတ်သက်သာတဲ့ လေကြောင်းလိုင်း (Low Cost Airline) ဆိုတော့ စရိတ် သက်သက်သာသာနဲ့ ဟောင်ကောင်ကို သွားနိုင်တဲ့ အခွင့်အရေးတခု ရသွားတယ်
လို့ ပြောကြားခဲ့ပါတယ်။
 
ရန်ကုန်မှ ဟောင်ကောင် ခရီးစဉ်ကို တစ်ပတ်လျှင် ၄ ကြိမ်အဖြစ် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များမှာ ပြေးဆွဲသွားမှာ ဖြစ်ပြီး ဟောင်ကောင် ကနေလည်း တစ်ပတ်လျှင် ၄ကြိမ် ပျံသန်းမယ်လို့ သိရှိရပါတယ်။ လာမယ့် စက်တင်ဘာ ၅ ရက်နေ့မှာ မန္တလေးမှ ဟောင်ကောင်သို့ စတင်ပြေးဆွဲသွားမှာဖြစ်ပါတယ်။
 
Ref: ဧရာဝတီ
Photo: သီဟတိုး (ဧရာဝတီ)

 



Follow us on