1. Home
  2. Special or Others

ဇိမ်ခံအလန်းစား၂ထပ်ဘတ်စ်ကား

Special or Others ก.ย. 05, 2559 view 1,673

အသက် (54)နှစ်အရွယ် Philip Moiser နဲ့ Susan Moiser (53)နှစ် တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ 1960 မော်ဒယ်နှစ်ထပ်ဘက်စ်ကားတစ်စင်းကို ပေါင်(5)ထောင်နဲ့ ပေးဝယ်ပြီး အတွင်းထဲမှာ ဇိမ်ခံအသုံးအဆောင် ပရိဘောဂ ပေါင်(၁)သောင်းဖိုး ထည့်သွင်းကာ အလှဆင် မွမ်းမံခဲ့ပါတယ်။

ဘက်စ်ကားရဲ့ အတွင်းပိုင်းကို ၀င်ရောက်လိုက်တာနဲ့ တန်ဖိုးကြီး ဟော်တယ်အခန်းတစ်ခုတည်းကို ရောက်သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။သူတို့ ဇနီးမောင်နှံဟာ အတွင်းပိုင်းအလှဆင် ဒီဇိုင်နာတစ်ယောက်ကို ငှားရမ်းပြီး ဒီကားကို မွမ်းမံစေခဲ့တာမို့ အခုအချိန်မှာ အပန်းဖြေစရာ ကိုယ်ပိုင်နိဗ္ဗာန်လေးတစ်ခု ရထားသလို ပါဘဲ။

Trafalgar Square bus အမျိုးစား အဲဒီကားအိုကြီးထဲမှာတော့ အပေါ်ထပ်ကို အိပ်ခန်းအဖြစ် ဖန်တီးထားပြီး ကတ္တီပါမျက်နှာကျက်၊ ရေချိုးကန်၊ ဆိုဖာဆက်တီတွေနဲ့ Flat တွီဗွီအကြီးတစ်ခု တပ်ဆင်ထားပါတယ်။ အခန်းပတ်ပတ်လည်မှာ စီခြယ်ထားတဲ့ အသုံးအဆောင် အ၀တ်အထည်တွေကိုတော့ အီတလီ ချည်သားအစစ်တွေကို သုံးထားပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာအပြင် ၀ိုင်ဖိုင်စနစ်လည်း ပါဝင်ပါသေးတယ်။

ဘက်စ်ကားမှာပါတဲ့ ယာဉ်မောင်းထိုင်ခုံ၊ ဘီး၊ စီယာတိုင်၊ အင်ဂျင်အစရှိတာတွေကိုတော့ မူမပျက် ထားရှိပြီး အောက်ထပ် ကို အပန်းဖြေခန်းအဖြစ် ထားရှိကာ အဖိုးတန် အသုံးအဆောင်တွေနဲ့ တန်ဆာဆင်ထားပါတယ်။ ဒီဘက်စ်ကားအခန်းကို ဇနီးမောင်နှံက ငွေကြေးတွေ ရင်းနီးပြီး ဖန်တီးထားတာမို့ စီးပွားရေးလုပ်ငန်းမှာ ပြန်လည်အသုံးချခဲ့ပါတယ်။

ဘက်စ်ကားဟာ အခုအခါမှာ အင်္ဂလန်နိုင်ငံ County Durham ပြည်နယ်က South Causey Inn မှာ ၀န်ဆောင်မှုပေး လျှက်ရှိပြီး နှစ်ဦးသီးသန့် တည်းခို နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ သောကြာနေ့မှာ ပေါင် 250 ဖြစ်ပြီး အခြားနေ့တွေမှာတော့ ပေါင် 220 ဖြစ်ပါတယ် ။



Follow us on