1. Home
  2. Myanmar News

သရုပ်ဆောင် "မိုးအောင်ရင်" နဲ့ ပက်သက်ပြီး အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ အင်တာဗျူး

Myanmar News ก.ย. 06, 2559 view 1,722
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ နှင့် ဖမ်းဆီးထိန်သိမ်းအရးယူခံထားရတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် "မိုးအောင်ရင်" နဲ့ ပက်သက်ပြီး သူ့ရဲ့လက်ဦးဆရာ တစ်ဦးဖြစ်တဲ့ အကယ်ဒမီ မို့မို့မြင့်အောင် ရဲ့ ခံစားချက်အမြင်တွေကို မြစ်မခမီဒီယာမှ အင်တာဗျူးမေးမြန်းထားခဲ့ပါတယ်။
 
မေး။     ။ မမို့အနေနဲ့ သရုပ်ဆောင်ကောင်းများစွာကိုမွေးထုတ်ပေးနေပေမယ့်  တစ်ချို့အပိုင်းတွေမှာ စိတ်ကျေနပ်စရာမကောင်းတဲ့ ရလဒ်တွေရှိခဲ့တယ်လို့သိရတယ်။ ဘာကြောင့်လဲ။
 
ဖြေ။      ။ တစ်ချို့ကပညာပေးပေမယ့် လောဘမရှိကြဘူး။ ပေးရင်လည်းမယူတတ်ကြဘူး။ အဲ့လိုမြင် ရတာတွေရှိတယ်။
 
 
မေး။      ။ အခုမိုးအောင်ရင်နဲ့ပတ်သတ်ပြီး ဆရာသမားတယောက်ဖြစ်တဲ့ မမို့ရင်ထဲမှာဘယ်လို ခံစား ရလဲ။
 
ဖြေ။      ။ သူ့မှာအစတုန်းက ဒီလိုကိစ္စတွေမရှိခဲ့ဘူး။ သူ့အကြောင်းကိုစကြားကြားချင်းမှာပဲ ဒေါသဖြစ်ခဲ့ရတယ်။ သူ့ကိုချော့မော့ပြီး သူ့မိဘရှိရာကို လိုက်သွားဖို့ပြောတယ်။ နောက်ပြီးဒီမှာက ဗီဒီယိုဈေးကွက် အခြေအနေမကောင်းတာ ဘာဆက်လုပ်မှာလဲ။ ဒါကြောင့် သားဟိုမှာပြန်သွားပြီး မိသားစုနဲ့ အတူနေ ပြီးကြိုးစားပါ။ လူကဟောင်းသွားပြီးရင် အသစ်တစ်ခုအဖြစ်ပြန်စလို့ရတယ်လို့ ချော့မော့ပြီးပြောတယ်။ ဒါပေမဲ့ သူကလိုက်မသွားဘူး။ ဒီမှာပေတေပြီးနေတယ်။
 
 
မေး။     ။ အခုလိုမိုးအောင်ရင်အဖမ်းခံရတဲ့အပေါ် မမို့စိတ်ထဲမှာဘယ်လိုမြင်လဲ။
 
ဖြေ။     ။ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး။ ခေတ်အရ အနုပညာလှုပ်ရှားမှုအားနည်းနေတဲ့အချိန် အမှားလုပ်မိတာပါ။ သူပြုတဲ့အမှုသူခံရတာပါ။ ဘယ်သူမပြုမိမိမှုဆိုသလိုပေါ့။ အဓိက မိဘဆိုဆုံးမမှုအား နည်းတယ်။ ဆရာတစ်ယောက်အနေနဲ့ ဆုံးမလည်းဘယ်လောက်ဆုံးမလို့ရမှာလဲ။ အခုသူကကိုယ့် ထက်ဆုံးမ နိုင်တဲ့ဆရာနဲ့တွေ့သွားတာပါ။ သူ့အတွက်တရားမျှမျှတတနဲ့ ပေါ့ပေါ့လျော့လျော့လေး ဖြစ် စေချင်တာပါ။ အကောင်းဆုံးဖြစ်စေချင်တယ်။
 
 
မေး။      ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လူငယ်တွေကိုရောဘာများပြောချင်လဲ။
 
ဖြေ။      ။ မမို့ကတော့ ဝါးလုံးရှည်နဲ့သိမ်းကျုံးပြီး မရမ်းချင်ဘူး။ ဘယ်သူမပြုမိမိမှုဆိုသလို ဒီစကားပဲ ထပ်ပြောချင်ပါတယ်။
 
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Follow us on