1. Home
  2. Myanmar News

အခြေခံပညာဆရာ၊ဆရာမများ လစာနှင့်ထောက်ပံ့ကြေးငွေများ တိုးမြှင့်တော့မည်ဟုသတင်းများထွက်ပေါ်နေသော်လည်း တရားဝင်ညွှန်ကြားချက်များမရှိသေးဟုဆို

Myanmar News ก.ย. 06, 2559 view 1,793
အခြေခံ ပညာရှိသင်ကြားရေး ဆရာ၊ ဆရာမ များ လစာနှုန်းထားများနှင့်ထောက် ပံ့ကြေးငွေများတိုးမြှင့်တော့မည်ဟူ သည့်သတင်းများထွက်ပေါ်နေသော်လည်း ယင်းနှင့်ပတ်သက်ပြီး တရားဝင်ညွှန်ကြားချက်များ မရှိသေးကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးများမှ သိရှိရသည်။ လက်ရှိအခြေခံပညာကဏ္ဍတွင် သင်ကြားရေးဆရာ၊ ဆရာမများ၏လစာနှုန်းထားများနှင့် ထောက်ပံ့ ကြေးငွေများတိုးမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိပြီး ယင်းကဲ့သို့ထွက်ပေါ်နေခြင်းများ သည်ကောလာဟလများသာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအတွက် လစာတိုးမြှင့်ပေးမည်ဆိုသည့် ညွှန်ကြားစာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားခြင်း၊ အသိပေးအကြောင်းကြားခြင်းများ မရှိသေးကြောင်း သိရသည်။
ကျွန်တော်တို့လည်း တိုးမယ်ဆိုတဲ့သတင်းတွေကြားပါတယ်။ ဒါပေမဲ့ တရားဝင်စာနဲ့ညွှန်ကြားတာမျိုးတွေ မရှိသေးပါဘူး။ တခြားဘက်တွေ တော့မသိပါဘူး။ ကျွန်တော်တို့ဘက်မှာတော့ ဘာမှမရှိသေးပါဘူး
ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်း လှက စက်တင်ဘာ ၄ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
 
အခြေခံပညာအသိုင်းအဝိုင်းရှိ ဆရာ၊ ဆရာမများကြားနှင့်လူမှု ကွန်ရက်ပေါ်တွင်လည်း ဆရာ၊ ဆရာမများ လစာနှုန်းထားများတိုးမြှင့်မည် ဆိုခြင်းကို သင်ကြားရေးဝန်ထမ်းဆရာ၊ ဆရာမများသာ လစာနှုန်းများတိုးမည် ဖြစ်ကြောင်း၊ မူလတန်းပြအဆင့် ၁/၂ / ၃၊ အလယ်တန်းပြအဆင့် ၁ /၂ / ၃၊ အထက်တန်းပြအဆင့် ၁ /၂ / ၃ အလိုက် လစာနှုန်းထားများကို တိုးမြှင့်မည်ဟု သတင်းများထွက်ပေါ် လျက်ရှိကြောင်းသိရသည်။
ဆရာမကြီးတို့ဘက်မှာ လစာ နဲ့ပတ်သက်ပြီးဘာမှမကြားပါဘူး။တိုးတယ်ဆိုတာက နိုင်ငံရဲ့ခံနိုင်ရည် အပေါ်မှာလည်း မူတည်သေးတယ်လေ။ တကယ်တမ်းတိုးတယ်ဆိုရင် အခြေခံပညာဦးစီးဌာနကနေ ဆရာမကြီးတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပညာရေးမှူးရုံးတွေကို အခြေခံပညာ ဦးစီးဌာနရုံးချုပ်ကနေ တရားဝင်အ ကြောင်းကြားစာတွေပို့မှာပါ။ လစာတိုးရင်လည်း ချက်ချင်းတိုးလို့မရသေးဘူး။ တွက်ရချက်ရသေးတယ်။လုပ်ငန်းတွေကအများကြီးပါ။ ဆရာ၊ဆရာမတွေက ဖြစ်ချင်နေတာကို ပြောနေကြတယ်လို့ထင်ပါတယ်
ဟု ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)မှ တာဝန်ခံညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းကလည်း ထိုနေ့တွင်ပင်ပြောသည်။
 
သြဂုတ် ၂၃ ရက်တွင် ပြုလုပ်သော အစိုးရသစ်လက်ထက် ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီးရှင်းလင်းပွဲပြုလုပ်ရာ ပြည်တွင်းသတင်းထောက်များ၏ မေးမြန်းမှုကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦး က ပြန်လည်ဖြေကြားရာ အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကိုတိုးမြှင့်ပေးရန်ရှိသော်လည်း မည်ရွေ့မည်သည့်အချိန်တွင် တိုးမြှင့်မည်ကို အတိအကျမပြောနိုင်သေးကြောင်း၊ တိုးမြှင့်ပေးသည့်အခါတွင် အသုံးပြုရမည့်ငွေကြေးကြီးမားကြောင်း၊ တိုးမြှင့်ပေးရန် စီစဉ်နေကြောင်းကို ပြန်လည်ဖြေကြားခဲ့သည်။
 
အခြေခံပညာကဏ္ဍတွင် ရရှိသောဘတ်ဂျက်၏ ၈၅ ရာခိုင်နှုန်းအား ဝန်ထမ်းများလစာပေးချေရာ တွင်ပြန်လည်အသုံးပြုနေရကြောင်း သိရှိရသည်။
 
Credit: ဒီမိုကရေစီတူဒေးသတင်းစာ


Follow us on