
အဆိုတော် ဖြူဖြူကျော်သိန်းဟာ မိသားစုနဲ့ အတူ ပြင်သစ် နိုင်ငံကို တစ်လခွဲကြာ သွားရောက်နေထိုင်ခဲ့ပြီး အခုဆို ပြန်ရောက်နေပြီလဲ ဖြစ်ပါတယ်။ ပြင်သစ်မှာ မိခင်ရဲ့ နှလုံးကျန်းမာရေးအတွက် အကြီးစားခွဲစိတ်မှုလဲ လုပ်ခဲ့ ရပါသေးတယ် ။ ဖြူဖြူ အမေ ဟာ ယခု ဆိုရင် ပြန်လည်ကျန်းမာ လာပြီလဲ ဖြစ်ပါတယ်။
ဖြူဖြူ ဟာ ပြန်ရောက်လာတာနဲ့ အနုပညာလုပ်ငန်းတွေက်ု ပြန်လည်လုပ်ကိုင်နေပြီး စက်တင်ဘာ နဲ့ နိုဝင်ဘာ လတွေမှာ မော်လမြိုင် ၊တောင်ငူ၊ မကွေး၊ ပုသိမ်၊ မြိတ် စတဲ့ မြို့ငါးမြို့ ကို ကျားပေါက်၊ဝေလ၊ နီနီခင်ဇော် တို့နဲ့ အတူ Music Tour အနေနဲ့ သွားရောက်မှာ လဲ ဖြစ်ပါတယ် ။ Music Tour အနေနဲ့ သွားရောက်မယ့် မြို့တွေဟာ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ မြို့တွေ ဖြစ်တဲ့ အတွက် ဖက်ရှင် ၊ သီချင်းတွေ ကိုလဲ မြို့ အလိုက်ပြင်ဆင် ထားပါတယ် လို့ ပြောထားပါတယ်။
အဆိုတော် သက်တမ်းမှာ Music Tour အနေနဲ့ အဖွဲ့လိုက် သွားကြတာ ဒါပထမဆုံး ဖြစ်တဲ့အတွက် လည်း ရင်ခုန် နေပါ တယ် ။ ဖြူဖြူ ဘ၀မှာ မိသားစုက လဲ အရေးကြီးတဲ့ အတွက် မိသားစု အချိန် သီးသန့်ပေးပြီး ဒီခရီးစဉ်ကို သွားဖြစ်တာပါ ။ မြန်မာပြည်အနှံလဲ ခရီးတွေထွက်အုံးမှာပါလို့ ပြောသွားခဲ့ပါတယ်။

Credit:popular
comment