1. Home
  2. Movie Stars - Celebrity

TT & DONUT ရုပ်ရှင်ဇာတ်ကား ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အထူးပွဲပြသမယ်ဟု ပြေတီဦး အသိပေး

Movie Stars - Celebrity ก.ย. 09, 2559 view 2,235

မြန်မာ နှင့် ထိုင်းနိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းပြီး 'ရွှေသမီး' ရုပ်ရှင်ထုတ်လုပ်ရေးက ထိုင်နိုင်ငံတွင် ရိုက်ကူးခဲ့သော "TT & DONUT" ဇာတ်ကားကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ 'Siam Paragon Cineplex' ရုပ်ရှင်ရုံတွင် အထူးပွဲပြသမည်ဖြစ်ကြောင်း သရုပ်ဆောင် ပြေတီဦးက The Voice ကို အောက်ပါအတိုင်း အသိပေးပြောကြားခဲ့ပါတယ်။

 

 

"ဒီပွဲတက်ဖို့အတွက် ကိုယ်တို့ မြန်မာနိုင်ငံကနေ စက်တင်ဘာ ၂ဝ ရက်နေ့ ထွက်ကြမယ်။ ၂၁ ရက်နေ့မှာတော့ Siam Paragon Cineplex မှာ ဇာတ်ကား အထူးပွဲပြမယ်။ ထိုင်းနိုင်ငံမှာ အထူးပွဲပြဖို့အတွက်ကိုရော၊ ရုံတင်ဖို့အတွက်ကိုပါ သူတို့ဘက်ကနေ တာဝန်ယူစီစဉ်ပေးတာပေါ့..."

 

အထူးပွဲမပြသမီ မြန်မာပြည် နှင့် ထိုင်းနိုင်ငံတို့မှ စာနယ်ဇင်း သတင်းမီဒီယာသမားများကို "TT & Donut" ဇာတ်ကားနဲ့ ပက်သက်တဲ့ အကြောင်းအရာလေးမှာကို ဦးစွာရှင်းလင်းပြောကြားသွားမှာဖြစ်ပြီး၊ ည ၇ နာရီအချိန်မှာတော့ အထူးပွဲစတင်ပြသမယ်လို့ သရုပ်ဆောင် ပြေတီဦးက ပြောကြားခဲ့ပါတယ်။

 

"ကိုယ်ပါတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ပြည်ပနိုင်ငံ တစ်ခုမှာ ရုံတင်ပြသရတော့မှာ ဖြစ်တဲ့အတွက် အရမ်းလည်း ဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဒီလိုမျိုး နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ပိုပြီးတော့ အရာရောက်လာတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်"

 

ထိုင်းနိုင်ငံမှ Producer PIYANUCH CHAIRATANANON နှင့် ဒါရိုက်တာ Adsajun Sattagovit ရိုက်ကူးတဲံ "TT & DONUT" ဇာတ်ကားကို "ရွှေသမီး" ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး ခေါင်းဆောင်ပြီး ထိုင်းအလှမယ် Care Chattrika Sittiprom နှင့် ထိုင်းနိုင်ငံမှ သရုပ်ဆောင်များစွာပါဝင် သရုပ်ဆောင်ထားပါတယ်။

 

"TT & DONUT" ရုပ်ရှင်ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ တစ်ပြိုင်တည်း ရုံတင်ပြသသွားမှာ ဖြစ်ပြီး ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်မယ့် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါလိမ့်မယ်လို့ ယုံကြည်ထာကြောင်း သရုပ်ဆောင် ပြေတီဦးက ဖြည့်စွက် ပြောဆိုခဲ့ပါသည်။

 

Source: The Voice



Follow us on