ငွေကျပ် သိန်း ၄၀၀ လိမ်လည်မှုဖြင့် အကယ်ဒမီ မေသန်းနုကို ကမာရွတ်မြို့နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက စက်တင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကင်းမြို့နယ် ရဲမှူး က ပြောကြားထားပါတယ် ။ စရံငွေ သိန်းလေးရာပေးပြီး မေသန်းနုဆီက တိုက်ခန်းဝယ်တဲ့ အမျိုးသမီးက သူ့ငွေတွေ ပြန်မရလို့ ရဲစခန်းမှာ လာအမှုဖွင့်ထားတာပါ။ တိုင်ကြားချက် မှန်မမှန် လတ်တလော စုံစမ်း စစ်ဆေးနေဆဲလဲ ဖြစ်ပါတယ် ။
အမှုဖွင့် တိုင်ကြားသူမှာ ကမာရွတ်မြို့နယ်တွင် နေထိုင်တဲ့ ဒေါ်စန်းစန်းမြင့်ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မေသန်းနုထံမှ ခြောက်လွှာ တိုက်ခန်းတစ်ခန်းကို ဝယ်ယူရန် စရံငွေကျပ် သိန်း ၄၀၀ ကို ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခဲ့ပြီး တိုက်ခန်းမှာ သင်္ဃန်းကျွန်းမြို့နယ် ရှိ မြေကွက်တစ်ကွက်ဖြစ်ပြီး မြေနေရာတွင် သရုပ်ဆောင် မေသန်းနုက ကန်ထရိုက်အဖြစ် ရှစ်ထပ်တိုက် ဆောက်လုပ်ခွင့် ရရှိထားကြောင်း ပြောဆိုခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှ ယင်းအဆောက်အအုံ၏ ကန်ထရိုက်မှာ အခြားသူ ဖြစ်နေကြောင်း စုံစမ်းသိရှိရသဖြင့် စရံငွေ ပြန်ပေးရန် တောင်းဆိုခဲ့ရာ ပြန်လည်မပေးသည့် အတွက် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မေသန်းနုကို မေးမြန်းရာမှာလဲ မနေ့က စက်တင်ဘာ ၈ ရက်နေ့ထဲက တိုင်ကြားထားတဲ့ အမှုကို ယခုအချိန် စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ လာရောက်အသိပေးခြင်း မရှိသေးကြောင်းလဲ ပြောထားပါတယ် လာရောက်မေးမြန်းမှသာ သိရတာပါလို့လဲ ပြောထားပါတယ်။ တရားလို အမျိုးသမီးဟာ ယခင်က စီးပွားရေးလုပ်ငန်း အချို့ အတူတကွ လုပ်ကိုင်ခဲ့ဘူပြီး ပထမအကြိမ် တိုင်ကြားမှုလဲ ရှိခဲ့ ဘူးပေမယ့် ရှုံးနိမ့်ခဲ့ပါတယ် ။
“ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် ကျွန်မ ရထားပြီး အသိမိတ်ဆွေ တစ်ယောက်ကို လုပ်ငန်းလွှဲအပ်ထားတာ။ ၂၀၁၄ ခုနှစ်ထဲက ပေးခဲ့တဲ့ စရံငွေကို ပြန်မရလို့ဆိုပြီး အခုမှ ဘာကြောင့် အမှုဖွင့် တိုင်ကြားရတာလဲ။ ဒါ ကျွန်မ ဂုဏ်သိက္ခာကျအောင် လီဆည်တိုင်ကြားတာပါ” ဟု လဲ သရုပ်ဆောင်အကယ်ဒမီ မေသန်းနု က ပြောပြထားပါတယ်။
Credit:The Voice