1. Home
  2. Myanmar News

ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုးအား တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲချမှတ်

Myanmar News ก.ย. 10, 2559 view 1,700
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်အား လူမှုရေးပြဿနာ ဖြေရှင်းရာတွင် ကိုယ်ထိလက်ရောက် ထိုးကြိတ် ကန်ကျောက်ခဲ့ရာမှ မတေးနုယဉ် သေဆုံးခဲ့သည့် အမှုအတွက် အနောက်ပိုင်းခရိုင်တရားရုံးက သရုပ်ဆောင် မင်းအုပ်စိုး (ခ)အောင်နိုင်ထွန်းကို ပြစ်မှု ထင်ရှားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ (၂) ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။ 
 
ထိုသို့ ပြစ်ဒဏ်ကျခံခဲ့ရပြီး၊ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက သရုပ်ဆောင် မင်းအုပ်စိုးအား  တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲလျှော့ပေါ့ ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သတင်းရသည်။ 
မြန်မာနိုင်ငံ ရာဇသတ်ကြီး အခန်း ၁၆ လူကို ထိခိုက်သော ပြစ်မှုများတွင် လူသတ်မှုအတွက် ပြစ်ဒဏ်ပုဒ်မ ၃၀၂ (၂) တွင် မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
ထိုကဲ့သို့ မင်းအုပ်စိုး ပြစ်ဒဏ်အား ပြောင်းလဲလျှော့ပေါ့ သတ်မှတ်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရာ့သူကြီးများဖြစ်သော ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးအောင်ဇော်သိန်းတို့က ကြားနာ၍ ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
 
Ref: Eleven
Photos : Irrawaddy


Follow us on