1. Home
  2. Myanmar News

မဲသဝေါတွင် တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံများ ထိုင်းနိုင်ငံထက်ခြမ်းသို့ ရှောင်ပြေး

Myanmar News ก.ย. 12, 2559 view 1,535
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်လောက်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ (DKBA) ဌါနချုပ်စခန်းတစ်ခုဖြစ်သော ဝါးကူးလူးစခန်းကို နယ်ခြားစောင့်တပ် (BGF) နှင့် မြန်မာစစ်တပ်တို့က လက်နက်ကြီးများနှင့် စတင်ပစ်ခတ် တိုက်ခိုက်နေကြကြောင်း ကရင်အမျိုးသားမီဒီယာမှ သတင်းရရှိသည်။
 
တိုက်ပွဲမှာ ပြင်းထန်ပြီး နှစ်ဖက်စလုံး ထိခိုက်မှုတွေ ရှိနေပြီး၊ မိုင်းနင်းမိသူတွေ လက်နက်ကြီးကျည် အစအနမှန်သူတွေနဲ့ အပြင်းအထန်ဒဏ်ရာရရှိသူတွေ ရှိနေတယ်လို့ သတင်းရရှိသည်။ ထိုင်းနယ်ခြားစောင့်တပ်မှ တပ်မှူးတစ်ဦးက တိုက်ပွဲက အလွန်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။ မဲသဝေါ ဒေသခံများက တိုက်ပွဲဖြစ်မယ်လို့ ကြိုတင်သတင်းရရှိထားကြတဲ့အတွက် စက်တင်ဘာလ ၁၀ ရက်နေ့ထဲက ထိုင်းနိုင်ငံဘက်အခြမ်းကို တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။ 
 
တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ထိုင်းနယ်စပ်က ၈ ကီလိုမိတာလောက်သာကွာဝေးပြီး မဲသဝေါဒေသရဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာတော့ ထိုင်းနယ်ခြားစောင့်တပ်တွေကို လုံခြုံရေးတိုးမြှင့်ချထားပြီး နယ်စပ်ရဲ့ အခြေအနေကို စောင့်ကြည့်လျှက်ရှိပါတယ်။
 
Source: သစ်ထူးလွင်


Follow us on