1. Home
  2. Special or Others

စိန်ခေါ်ပြိုင်ပွဲကြောင့် ရုပ်ပျက်ခဲ့ရတဲ့ သူတို့ နစ်ယောက်

Special or Others ก.ย. 12, 2559 view 1,635

Carolina Reaper ငရုတ်သီးစိန်ခေါ်အစားပြိုင်ပွဲမှာ နယူးဂျာစီပြည်နယ်က Sabrina Stewart (22)နှစ်န့ Lizzy Wurst (18)နှစ်တို့ဟာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ အမေရိကန်သူနှစ်ယောက်ဟာ မနိုင်တဲ့အပြင် အသက်မနည်း လုရှူပြီး ရုပ်ပျက်ဆင်းပျက် ငိုပွဲဆင်ခဲ့ရပါတယ်။

Carolina Reaper ငရုတ်သီးဟာ ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အစပ်အရသာ အပြင်းထန်ဆုံး ငရုတ်သီးဖြစ်ပြီး 2013 ခှုနှစ် နိုဝင်ဘာလ (20) မှာ မှတ်တမ်းသစ်စိုက်ထူနိုင်ခဲ့တဲ့ ငရုတ်သီး ဖြစ်ပါတယ်။ ယခင်က ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးအဖြစ် Moruga Scorpion ငရုတ်အမျိုးအစားက မှတ်တမ်းတင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Carolina Reaper ငရုတ်သီးဟာ သာမာန်အနီရောင်ငရုတ်သီးတစ်တောင့်ထက် အစပေါင်း (7000) ပိုစပ်ပြီး၊ Tabasco sauce ငရုတ်ဆီထက် အကြိမ်ပေါင်း 300 ပိုမိုပြီး ပူတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ ယခု ဒီပြိုင်ပွဲမှာလည်း Carolina ငရုတ်သီးကို အတောင့်လိုက် ကိုက်စားပြရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

Sabrina Stewart နဲ့ Lizzy Wurst တို့ဟာ ပထမတော့ ဟန်မပျက်၊ အပြုံးမပြတ် ငရုတ်သီးကို ရင်ဆိုင်မယ်လို့ ဆုံးဖြတ် ထားပြီး ပထမတစ်ကိုက်မှာတင် လူလည်း နတ်ပူးသလိုဖြစ်ကာ ချွေးတွေပြန်၊ မျက်ရည်တွေကျ အ လွန်မလှပတဲ့ ဗွီဒီယိုဖိုင်ကြီးသာ အင်တာနက်မှာ အသားတင် ကျန်ရစ်ပါတော့တယ်။ Carolina Reaper ငရုတ်သီးဟာ အလေ့အထ မရှိသူဆိုရင် အသက်ရှုရပ်ပြီး သေဆုံးနိုင်ချေ ရှိတဲ့အထိ ပြင်းထန်ပါတယ်။

Lizzy ဟာ အဲဒီပြဿနာကို ရင်ဆိုင်ခဲ့ရပြီး ချောင်းဆိုးကာ အသက်ရှူရပ်မတက် ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံး သူမကို ရေနဲ့လောင်းကာ ဝေဒနာကို ပြုစုခဲ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို ၎င်းတို့ကိုယ်တိုင် ရိုက်ယူခဲ့တာလို့လည်း သိရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူ (2)သန်း ကျော်ခဲ့ပြီး၊ Sabrina Stewart နဲ့ Lizzy Wurst တို့ ကောင်မလေးနှစ် ယောက်အတွက်တော့ စိန်ခေါ်ငရုတ်သီးစားပြိုင်ပွဲမှာ ဆုမရပေမယ့် ပုဂ္ဂိုလ်ရေးအောင်မြင်မှုတော့ ရခဲ့ပါတယ် ။

Credit:Shwemom



Follow us on