1. Home
  2. Myanmar News

စက်ရုံလုပ်သား ၇ ဦး တပြိုင်တည်း ဓါတ်လိုက်ခဲ့တဲ့ အထည်ချုပ်စက်ရုံ

Myanmar News ก.ย. 12, 2559 view 1,582
မှော်ဘီမြို့နယ်၊ ကိုးလုံးကွင်း ကျေးရွာရှိ Great World Wide အထည်ချုပ်စက်ရုံတွင် စက်တင်ဘာ ဒုတိယပတ်အတွင်းက စက်ရုံလုပ်သား ၇ ဦး တန်းစီကာ ဓာတ်လိုက်ခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
သေဆုံးသူမှာ အသက်(၂၅)နှစ်အရွယ် ဖြိုးကိုကိုဆိုသူဖြစ်ပြီး အလျား ပေ ၅၀၊ အနံ ခြောက်ပေခန့်ရှိ အထည်ပိတ်ဖြတ်သံခုံကို အခြားဝန်ထမ်း ၃၀ နှင့်အတူ စက်ရုံအပြင်သို့ သယ်ထုတ်စဉ် သံခုံခြေထောက်မှာ လျှပ်စစ်ဝါယာကြိုးနှင့် ချိတ်မိပြီး ဓာတ်လိုက်ခံရခြင်းဖြစ်သည်။ ဓာတ်လိုက်ခံရသူ အမျိုးသားခုနစ်ဦးခန့်ရှိပြီး ကျန်ခြောက်ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။  သေဆုံးမှုနှင့် ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရှိရသည်။ 
 
ဖြိုးဝေလင်း


Follow us on