1. Home
  2. Special or Others

အမျိုးသားတစ်ဦးကို အိမ်မွေးခွေးကဲ့သို့ ကြိုးချည်ပြီး လမ်းမထက်သို့ ခေါ်လာသည့် အမျိုးသမီး

Special or Others ก.ย. 14, 2559 view 1,528

အမျိုးသား တစ်ဦးကို အမျိုးသမီးတစ်ဦးက လူသွားလူလာများတဲ့မြင်ကွင်းထက်မှာ အိမ်မွေးခွေးတစ်ကောင်လို ကြိုးဆွဲခေါ်သွားတဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ဒီလိုလုပ်တယ်ဆိုတာ ဘာကြောင့်လည်းမသိရသေးပါဘူး။အမျိုးသားကို လေးဘက်ထောက်သွားခိုင်းပြီး လည်ပင်းမှာ ကြိုးပင်းစွပ်ခေါ်လာတဲ့ အမျိုးသမီးရဲ့ လုပ်ရပ်ကို လမ်းသွားလမ်းလာတွေ အထူးအဆန်း ဝိုင်းကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ကို ဝိုင်းအုံကြည့်နေတဲ့ သူတွေကြောင်း ကားလမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့ပြီး ရဲဌာနကို ဖုန်းဆက်အကြောင်းကြား မှုတွေလည်း ရှိခဲ့တ့ယ်လို့ သိရပါတယ်။လမ်းသွားလမ်းလာအချို့ကတော့ အဆိုပါအမျိုးသားကို ကြိုးဖြုတ်ပေးဖို့ အမျိုးသမီးထံ ပြောဆိုခဲ့ကြသေးတယ်လို့ သိရပါတယ်။ တရုတ်ပြည်တွင်း လူမှုကွန်ယက်ဖြစ်တဲ့ Weibo မှာလည်း ဒီဓာတ်ပုံတွေ အတော်ပျံ့နှံ့လျှက်ရှိပါတယ်။ " လူသား ဂုဏ်သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ" " မိဘတွေ မြင်ရင်တော့ ဘယ်လိုခံစားရမလဲ" စသဖြင့် ဝေဖန်မှတ်ချက်ပြုလျှက်ရှိပါတယ်။

Source : Daily Mail

Credit : htusanhtaylar.myanmar/



Follow us on