1. Home
  2. Special or Others

ကျားဥယျာဉ်တွင်းပျောက်ဆုံးခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ပြန်လည်တွေ့ရှိ

Special or Others ก.ย. 14, 2559 view 1,487

-ထိုင်းနိုင်ငံ ချွန်းပူးရီးခရိုင် ဆီရီရားချားကျးဥယာဉ်ထဲမှာ တနေ့က ပျောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတဦးကို ဒီမနက်မှာပြန်တွေ့ပြီ

- ကျားဥယျာဉ်အနီး နေထိုင်သူ ဒေသခံအမျိုးသားတဦးက ဒီကနေ့မနက် ၆ နာရီအချိန် သူ့အိမ်ရှေ့ရေကန်နားမှာ အ၀တ်လျှော်နေတဲ့ အဲဒီ အမျိုးသမီးကို တွေ့ရှိကြောင်း တာဝန်ရှိ သူတွေကို အေ ကြာင်းကြားခဲ့ပါတယ်

- တာဝန်ရှိသူတွေက သွားရောက်မေးမြန်းရာမှာ တော်တော်နဲ့ စကားမပြောဘဲ ဘာသာပြန်နဲ့ ချော့မော့မေးမြန်းကာမှ သူဟာ အိမ်မပြန်လိုတဲ့အတွက် လျှောက်သွားနေတာလို့ ပြန်ဖြေဆို ခဲ့တယ်

- သူမကို ပြန်တွေ့တဲ့နေရာဟာ ကျားဥယျာဉ်နဲ့ မီတာပေါင်း ၄၀၀ သာကွာဝေးတယ်လို့ ဆိုပါတယ်

လောလောဆယ် သူမကို တိရိစ္ဆာန်ဥယျာဉ် နားနေဆောင်မှာ ချထားပြီး သူ့အကြောင်းတွေကို စစ်ဆေးမေးမြန်းနေပါတယ်။ အသက် ၃၅ နှစ်ရွယ် Mrs.Gao Li Ping အမည်ရှိ တရုတ်အမျိုးသမီးတဦးဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေက ကျားဥယျာဉ်ထဲမှာ ပျောက်ဆုံးသွားတဲ့အတွက် အဲဒီညက ၀န်ထမ်းနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၆၀ ကျော် တညလုံးရှာဖွေခဲ့ပါတယ်။

မတွေ့တဲ့အတွက် နောက်တနေ့ စက်တင်ဘာ ၁၂ ရက်နေ့မာ စစ်တပ်၊ ရဲနဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် အားလုံး လူအင်အား ၂၀၀ ကျော် အဖွဲ့ ၅ ဖွဲ့ခွဲပြီး ဧကတစ်ရာကျော်ကျယ်ဝန်းတဲ့ တိရိစ္ဆာန်ဥယျာဉ်တွင်း မိုးထဲရေထဲမှာ အသည်းအသန်လိုက်လံရှာဖွေခဲ့ပါသေးတယ်။ ဥယျာဉ်ထဲမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာပေါင်း ၁၁၆ လုံးကိုလည်း စစ်ဆေးကြည့်ရှုခဲ့ ရတယ်လို့ ဥယျာဉ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွား ပါတယ်။

Soure : burmese.dvb.no/



Follow us on