1. Home
  2. Special or Others

ငမန်းဖြူကြီး တိုက်ခိုက်တာခံခဲ့ရတဲ့ ရေငုတ်သမား GoPro ကင်မရာမှာ ရိုက်ကူးထားမိ

Special or Others ก.ย. 14, 2559 view 1,570
အသက် ၂၂ နှစ်အရွယ် ရေငုတ်သမားတစ်ဦး ကယ်လီဖိုးနီးယား ကမ်းခြေဒေသတွင် ရေအာက်၌ ရေငုတ်ငါးဖမ်းနေစဉ် ငါးမန်းအဖြူကြီး တစ်ကောင် ကိုက်တာကို ခံခဲ့ရပါတယ်။ 
“တိုင်လာ မက်ကေကွီးလန်” ဆိုသူ ရေငုတ်သမားက သူရဲ့ မြုံးသေနတ်မှာ GoPro ကင်မရာကို တပ်ဆင်ပြီး ရေအောက်တွင် လျှောက်သွားနေစဉ် ငမန်းဖြူတစ်ကောင်က နောက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အစမှာတော့ သူ့ရဲ့ သူငယ်ချင်းများက နောက်တယ် ထင်ခဲ့ပေမယ့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ သူတစ်ယောက်ထဲ ကျန်နေခဲ့တာကို တွေ့လိုက်ရပါတယ်၊ ငမန်းဖြူရဲ့ တိုက်ခိုက်မှု့ကြောင့် သူ့ရဲ့ ခြေဖျားမှာ ဒဏ်ရာရခဲ့ပြီး မြုံးသေနတ်လည်းလွတ်ကျသွားခဲ့ပါတယ်။ နောက်တစ်ခေါက် တိုက်ခိုက်ရန် ပြန်လာတဲ့ ငမန်းဖြူကြီးရဲ့ ရန်က ကာကွယ်ဖို့ မြုံးသေနတ်ကို အမြန်ပြန်ဆယ်ပြီး ခုခံခဲ့တာကြောင့် အသက်ချမ်းသာရာရခဲ့ပေမယ့် သူ့ရဲ့ ခြေချောင်းလေး နှစ်ချောင်းတော့ ကျိုးသွားခဲ့ပါတယ်။ 
မြုံးသေနတ်မှာ တပ်ဆင်ထားတဲ့ GoPro ကင်မရာက ငမန်းဖြူရန်က လွတ်မြောက်လာခဲ့ပုံကို အမှတ်မထင် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


Follow us on