1. Home
  2. Special or Others

၆၈ ပေါင်ရှိတဲ့ အသားပိုလုံးကြီးကို နှစ်ရှည်ကြာ လွယ်ထားတဲ့ အမျိုးသမီး

Special or Others ก.ย. 14, 2559 view 1,598
ဆေးရုံ ဆေးခန်းပြဖို့ကို ဝန်လေးတာကြောင့် "စတိုဂျာ ပိုပိုဗစ်" ဆိုတဲ့ ဗော့စ်နီးယား အမျိုးသမီးကြီးက ၆၈ ပေါင်လေးတဲ့ အသားပိုအလုံးကြီးကို နှစ်နဲ့ချီပြီး ဒုက္ခခံနေခဲ့ပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွေက ဘာမှန်းမသိပဲ တစ်နေ့တစ်ခြား ကြီးလာတဲ့ အလုံးကြီးကို ဆရာဝန်ပြဖို့ တိုက်တွန်းခဲ့ပေမယ့် သူမကတော့ ငြင်းဆန်ပြီး မကုသခဲ့ပါဘူး။
 
"ပထမတော့ ကျမက ဝိတ်တက်လာတယ်ပဲထင်နေတာ၊ နောက်ကျတော့ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သိလာတယ် ဒါပေမယ့် နာတာကျင်တာ ဘာမှမခံစားရတဲ့အတွက် ဒီအတိုင်းပဲ ဆက်နေလိုက်တာ" ဟု ပြောပြသည်။
 
တစ်နေ့ လယ်တောထဲမှာ အလုပ်လုပ်နေတုန်း သူမရဲ့ ခြေထောက်ထိခိုက်မိတာကြောင့် အရေးပေါ်လူနာတင်ကား ခေါ်ရတဲ့အချိန်မှာ ဆေးအမှုထမ်းတွေက သူမရဲ့ ကြီးမားလွန်းတဲ့ ဗိုက်နဲ့ ခြေထောက်က ဒဏ်ရာကြောင့် ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။
 
 
သူမရဲ့ အသားပိုအလုံးဟာ သားအိမ်ကို တွယ်ကပ်ဖို့ အစပြုနေပြီမို့ ခွဲစိတ်ကုသမှု ချက်ခြင်းခံယူခဲ့ရပါတယ်၊ ၄ နာရီကြာခွဲစိပ်မှု အပြီးမှာတော့ သူမရဲ့ သားအိမ်ကို ဖယ်ရှားခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပါတယ်။ 
 
စတိုဂျာ ကတော့ မီဒီယာတွေကို "ငါ့ခြေထောက်သာ ဘာမှမဖြစ်ရင် ဆေးရုံဘယ်တော့မှ သွားဖြစ်မှာမဟုတ်ဘူး" လို့ ဆိုပါတယ်။ 
 
@Popolay


Follow us on