1. Home
  2. Myanmar News

Facebook ကြောင့် လင်မယားစကားများပြီး ကြိုးဆွဲချသေဆုံး

Myanmar News ก.ย. 14, 2559 view 1,557
အင်တာနက် လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook သုံးစွဲခြင်းနှင့် ပတ်သက်၍ လင်မယားချင်း စကားများရာမှ ခင်ပွန်းဖြစ်သူသည် နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားမှု ရှမ်းပြည်နယ်တောင်ပိုင်းဒေသ နမ့်စန်မြို့နယ် အမှတ်(၅)ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
 
အဆိုပါ ဖြစ်စဉ်သည် ၂၀၁၆ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် စက်တင်ဘာလ (၁၂) ရက်နေ့၊ နေ့လယ်ပိုင်းက ဖေ့စ်ဘုတ်သုံးစွဲမှုနှင့်ပတ်သက်၍ လင်မယားချင်း စကားများကြပြီးနောက် ဇနီးဖြစ်သူက အပြင်ထွက်သွားခဲ့သည်။ ည(၈)နာရီ ၀န်းကျင်တွင် ဇနီးဖြစ်သူ နေအိမ်သို့ ပြန်ရောက်ချိန်တွင် ခင်ပွန်းဖြစ်သူမှာ နေအိမ်၌ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။ 
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို နမ့်စန်မြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး သေမှုသေခင်းအမှတ်စဉ် ရ/၂၀၁၆ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။ သေဆုံးသူ၏ အမည်မှာ ကိုနန်းလှိုင် အသက်(၄၂)နှစ်အရွယ်ဖြစ်ပြီး လက်သမားအလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။ 
 
Source : တာချီလိတ်သတင်းအေဂျင်စီ


Follow us on