1. Home
  2. Myanmar News

မန္တလေးတွင် ယာဉ်မရပ်ရသည့် စည်ပင်နယ်နမိတ်၌ သော့ခတ်သည့်စနစ်နှင့် အရေးယူတော့မည်

Myanmar News ก.ย. 15, 2559 view 1,491
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနေရာများတွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို သော့ခတ်၍ ပြေစာဖြတ်ပိုင်းဖြင့် အရေးယူရန် ပညာပေးမှုများ လုပ်ဆောင်ပြီး အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
အဆိုပါသော့ဖြင့် မော်တော်ယာဉ်များ၏ ဘီးများတွင် သော့ခတ်ကာ စတစ်ကာကပ်ခြင်း၊ ဓါတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်ပြီး ပြေစာဖြတ်ပိုင်း ပေးမည်ဖြစ်သည်ဟု ဆိုသည်။
 
“စည်းကမ်းလိုက်နာစေချင်ပါ။ အရင်ကတည်းက ဒီနည်းလမ်းကိုစဉ်းစားထားပြီးဖြစ်ပါတယ်။ စည်းကမ်းမဲ့ ရပ်ထားရင်သော့ခတ်လိုက်မယ်။ အရေးယူမှုက ပညာပေးကာလပြီးရင် စတင်မှာပါ။” ဟု မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူးဦးသက်နိုင်ထွန်း က ပြောသည်။
 
မန္တလေးမြို့၏ အဓိကလမ်းမကြီးများတွင် ဦးစားပေး လုပ်ဆောင်မှာဖြစ်ပြီးအများပြည်သူအား အသိပညာပေးခြင်းနှင့် သတင်းစာမှ ကြိုတင်အသိပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သော့ခတ်ခြင်းသည်မန္တလေးမြို့တော်စည်ပင်မှ စတင်ခြင်းဖြစ်ကြောင်းသိရသည်။
 
“မရပ်ရနေရာမှာ ကားသုံးစီးလောက်တွေ့ရင် တိုးထရပ်နဲ့ဆိုတော့ ကျန်တဲ့ကားတွေက မောင်းထွက်သွားမှာ။ တစ်စီးပဲအရေးယူလို့ရမယ်။ တခါတည်း ပြေစာဖြတ်မှာလား၊ စည်ပင်တရားရုံးတင်မှာလားက လောလောဆယ်မသိရသေးဘူး။” ဟု ဆက်လက်ပြောပြသည်။
 
အဆိုပါ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုကို အရေးယူ သော့ခတ်ရန်အရေအတွက် ၅၀-ခန့် ခန့်မှန်းထားပြိး ပစ္စည်းရောက်ရှိပြီးနောက် စတင်အကောင်အထည် ဖေါ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတိုးထရပ်နှင့် အရေး ယူရာ၌ တစ်လလျင် ၁၀ စီးခန့်ရှိကြောင်းသိရသည်။
 
Source: Mandalay News
Photo: Illustration


Follow us on