1. Home
  2. Myanmar News

ခေတ်သစ်ဧကရီ နဲ့ ပက်သက်ပြီး လူရွှင်တော်ပန်းသီး သဘင်အစည်းရုံးမှနုတ်ထွက်

Myanmar News ก.ย. 16, 2559 view 1,629
စက်တင်ဘာလ ၉ ရက်နေ့က အမျိုးသမီးသရုပ်ဆောင်များ လူရွှင်တော်အဖြစ် ပါဝင်ကပြခဲ့သော "ခေတ်သစ်ဧကရီ" ဖျော်ဖြေပွဲကို မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ရှုတ်ချကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
 
ကြေငြာချက်တွင် ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ အမုန်းတရားတွေ မပါပဲ ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီတာတွေကို အဆိုပါဖျော်ဖြေပွဲမှာ တွေ့ရှိခဲ့တာကြောင့် အခုလို ကြေငြာချက်ထုတ်ပြန်ရတယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောကြားခဲ့သည်။
 
နှစ်ပါးသွားကပြခြင်းနဲ့ ပျက်လုံးထုတ်ခြင်း စတာတွေက ပုံစံကျနမှုမရှိတဲ့အပြင် အဆိုပါပွဲဖျော်ဖြေရန်အတွက် မြန်မာနိုင်ငံ သဘင်အစည်းရုံးမှ ခွင့်ပြုမိန့် မပေးထားကြောင်း ဖော်ပြထားခဲ့ပါတယ်။
 
အထက်ပါအတိုင်း မြန်မာနိုင်ငံ သဘင်အစည်းရုံး၏ ကြေညာချက် ထွက်လာခဲ့အပြီးမှာ အဆိုပါပွဲကို ပါဝင်အားဖြည့်ခဲ့သူ လူရွှင်တော် ပန်းသီး က သဘင်အစည်းရုံးဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ပြောကြားခဲ့ပါတယ်။
 
“သဘင် အစည်းအရုံးကနေ နုတ်ထွက်ကြောင်း ကျွန်တော် တရားဝင် ပြောပါတယ်။ ကိုဖိုးချစ်ကိုတော့ အရမ်း ချစ်ပါတယ်။ လေးလည်း လေးစားတယ်။ သူနဲ့ ကျွန်တော်က စိတ်တူကိုယ်တူ ဖြစ်တယ်။ ညီအစ်ကိုတွေလိုလည်း နေနေကြတာပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အမြဲ ထောက်ခံခဲ့ပါတယ်” လို့ ပြောပါတယ်။
 
ပွဲအတွက် ခွင့်ပြုမိန့် မပေးထားဘူးလို့ သဘင်အစည်းရုံးက ထုတ်ပြန်ထားပေမယ့် သူတို့ရဲ့ လက်ထဲမှာ ရန်ကုန်တိုင်း သဘင်အစည်းရုံးက ထောက်ခံပါသည် ဟူသော စာရွက်ရှိနေတဲ့အတွက် ယင်းကိစ္စကို အစည်းရုံးက တာဝန်ယူဖြေရှင်းဖို့လိုကြောင်း သတင်းရရှိပါသည်။
 
Source: The Voice


Follow us on