1. Home
  2. Special or Others

ကလေးအုတ်ဂူကို ပေါင်(၃)သောင်းကျော်အကုန်ခံ ခဲ့တဲ့မိဘနှစ်ဦး

Special or Others ก.ย. 16, 2559 view 1,732

ကလေး အရူးအမူလိုချင်နေကြတဲ့ အင်္ဂလန်နိုင်ငံ Chessington နဲ့ Greenwood ဇာတိဖွား Jodie McAtamney နဲ့ သူမရဲ့ ခင်ပွန်း Matt တို့ဟာ သူတို့ရဲ့ သေဆုံးသွားတဲ့ ကလေးနှစ်ယောက်အတွက် အထိန်းအမှတ်အနေနဲ့ ပြုလုပ်ပေးထားတဲ့ အုတ်ဂူနှစ်ခုကို ပေါင်(၃)သောင်းကျော် အကုန်အကျခံပြီး ပြင်ဆင်မှုတွေ လုပ်ပေးနေပြပါတယ်။ မြန်မာငွေအားဖြင့် သိန်း (350) ၀န်းကျင်ခန့်ရှိပြီးပါတယ် ။

သားသမီးအပေါ် သံယောဇဉ် ကြီးလွန်းတဲ့ Matt နဲ့ Jodie တို့ရဲ့ သမီးဦးကတော့ မီးတွင်းထဲမှာတင် သေဆုံးခဲ့ပြီး၊ ဒုတိယမြောက် Trinity လို့ခေါ်တဲ့ သမီးမိန်းကလေးကလည်း မွေးဖွားပြီး သိပ်မကြာခင်မှာ နှလုံးရောဂါနဲ့ ဆုံးပါးခဲ့ရပြန်ပါတယ်။ အခုအချိန်မှာ အသုံးစာရိတ် ပေါင်(3)သောင်းကို ကျော်သွားပြီ ဖြစ်ပြီး တစ်ပတ်လျှင် ပေါင်(၁၀၀) တန်ကြေးရှိ ပန်းနဲ့ ကစားစရာ အရုပ်တွေ ၀ယ်ပြီးပို့လေ့ရှိပါတယ်။

Matt (33 ) နှစ်နဲ့ Jodie ( 22 ) နှစ်တို့ဟာ လက်ထပ်ထားတာ 6နှစ်ကျော် ရှိသွားပြီ ဖြစ်ပြီး Jodie အသက် 16 အရွယ်တည်းက စတင်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။ 2013 ခုနှစ်ကတည်းက ကလေးချီဖို့ စိတ်ကူးတွေ ယဉ်ခဲ့ကြပေမယ့် အခုချိန်ထိ့ အဆင် မပြေကြသေးပါဘူး။ သမီးဦးကို မွေးဖွားခဲ့ပါတယ် အသေလေး ဖြစ်နေပါတယ်။ မိဘနှစ်ဦးဟာ ယူကြုံးမရဖြစ်ခဲ့ကြပြီးလူ့လောကမှာ ခဏလေးတောင် မနေနိုင်တဲ့ သမီးလေးကို လွယ်လွယ်နဲ့ မစွန့်လွှတ်ချင်ခဲ့ပါဘူး။ နောက် ဈာပနပွဲကို ပေါင် (15000)အထိ အကုန်အကျခံကာ သမီးလေးရဲ့ ရောက်ရှိလာခဲ့မှုကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။2014 ခုနှစ်မှာ Jodie မှာ ဒုတိယကိုယ်ဝန်ကို လွယ်ခဲ့ပြန်ပါတယ်။

လသားအရွယ်သာရှိသေးတဲ့ ကိုယ်ဝန်ဟာနှလုံးရောဂါ ခံစားနေရတယ်ဆိုတဲ့ ဆေးအဖြေ ထွက်ခဲ့ပါတယ်။Trinity ကို မွေးဖွားပြီး ကလေးမှာ Pulmonary Artery လို့ ခေါ်တဲ့ နှလုံးညာဘက်ခြမ်းကနေ အဆုတ်ဆီကို အောက်ဆီဂျင်အတွက် သွေးပို့ဆောင်ပေးမယ့် သွေးလွှတ်ကြော ပါမလာခဲ့ပါဘူး။ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေနဲပ အမျိုးမျိုးကုသခဲ့ပေမယ့် တစ်လအကြာမှာ ဒုတိယသမီးလည်း လူ့လောကက ထွက်ခွာသွားခဲ့ပါတယ်။

ဈာပနပွဲအတွက် ပေါင် (15000) အသုံးပြုကာ သမီးလေးကို နှုတ်ဆက်ခဲ့ကြပြီး တစ်ပတ်တစ်ခါ ပေါင်(၁၀၀)တန်ကြေးရှိတဲ့ ပန်းပွင့်နဲ့ ကစားစရာ အသစ်တွေကို သမီးနှစ်ယောက် ထာဝရအိပ်စက်ရာ သင်္ချိုင်းလေးကိုသွားသွားပို့ပြီး အလွမ်းဖြေနေကြတုန်း ဖြစ်ပါတယ်။ သူတို့မိသားစု ရဲ့ အဖြစ်ကတော့ ကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။

Credit:Shwemom 



Follow us on