1. Home
  2. Movie Stars - Celebrity

Facebook အကောင့် Hack ခံလိုက်ရတဲ့ အာဇာနည်ရဲ့ သားလေး ဉာဏ်ဘုန်းဇာနည်

Movie Stars - Celebrity ก.ย. 16, 2559 view 1,557
အသက် (၇) နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုတော် အာဇာနည်ရဲ့ သားလေး ဉာဏ်ဘုန်းဇာနည် တစ်ယောက်ကတော့ အနုပညာနဲ့ ပက်သက်လာရင် ဖခင်လို ရော့ခ်အဆိုတော်ကြီး ဖြစ်ဖို့ထက် ရုပ်ရှင်မင်းသား ဖြစ်ချင်သူပါ။ သူပါဝင်ရိုက်ကူးချင်တဲ့ ဇာတ်ကားတွေက သမားရိုးကျ မြန်မာဇာတ်ကားတွေနဲ့ မတူတဲ့ “Tarzan” “Jungle Book” တို့လို တောတွင်းသား ဇာတ်ကောင်လေးတွေ ဖြစ်ပါတယ်။
 
အတန်းပညာ Gade 2 ရောက်နေတဲ့ သားလေးကို မိခင်ဖြစ်သူ ဝမ်း က စည်းကမ်းတစ်ကျဖြစ်အောင် သင်ကြားလေ့ကျင့်ပေးထားပါတယ်။ ဖုန်းတွေ တက်ဘလပ်တွေ ပေါ်မှာ အာရုံမများစေအာင် အားကစားသင်တန်း လေးတွေပို့နေပြီး လတ်တလောမှာတော့ ရေကူးသင်ပေးထားပါတယ်။
 
မိသားစုတွေအတူတူ ပျော်ပျော်ပါးပါးနဲ့ ခရီးထွက်လေ့ရှိပြီး အဖေဖြစ်သူ ဘာပဲလုပ်လုပ် နောက်ကနေ စံထားပြီး လိုက်လုပ်လေ့ရှိတဲ့ သားငယ် ဉာဏ်ဘုန်းဇာနည် မှာ ရွယ်တူ မိန်းကလေး ပရိဿတ်တွေက ဝိုင်းဝိုင်လည်နေတဲ့ ဉာဏ်ဘုန်းဇာနည် ရဲ့ Facebook အကောင့်က ဖွင့်ပြီးသိပ်မကြာခင်မှာပဲ Hack ခံထားရပါတယ်။ 
 
 
Photo: ဖြိုးမိုးသိင်္ခ, အင်တာနက်
 

 



Follow us on